False...

598 55 26
                                    

အခု ဖြစ်နေတဲ့ ဘဝကြီးဟာ အဆင်ပြေလားဆိုပြီး
ရွေးခိုင်းလျှင်တော့ သေချာပေါက် No ကို သူရွေးဖြစ်မည် ထင်သည်။

ဒါပေမယ့် ဖြစ်သင့်ခဲ့တာပဲ မဟုတ်လား။

ကြာလေးဟာ သူ့နဂိုဘဝ လေးအတိုင်းဆိုလျှင်တောင် တဖြည်းဖြည်း လောကဓံ ကိုခံနိုင်ရည်ရှိလာပြီး မာကျောလာမည့်သူ တစ်ယောက်။

အဲ့တာကို သူ ကဖြစ်သမျှကို တားဆီးပေးနေခဲ့ရင်း နောက်ကွယ်မှာ ပံ့ပိုးပေးနေခဲ့တော့ ကြာလေး သူ့ကို ခင်တွယ်မိတာလည်း မဆန်းခဲ့ဘူးမလား။

အကျိုးဆက်က ကောင်းသည် ဖြစ်စေ မကောင်းသည်ဖြစ်စေ ဖြစ်လာသမျှ ခါးစည်းခံရင်း အပြစ်ကြွေးကို ပေးဆပ်သွားရမှာမို့ ဒါဟာာ သူ့အတွက် အဖြစ်သင့်ဆုံး လုပ်ရပ်တစ်ခုပင်။

အင်း ပေးဆပ်ခဲ့ရတဲ့ တန်ဖိုးကတော့ ကြီးတာပေါ့။

သက်ပြင်းကို အသာချရင်း ထရပ် မိတော့ ခုနက ပိတ်ထားသော စာအုပ်လေးက ကြမ်းပြင်ပေါ် အသံပေးကာ ပြုတ်ကျသွားခဲ့သည်။

~ကျွီ~

"ကိုမာန် ကြာလေး ဗိုက်ဆာတယ်။"

အချိန်ကိုက်ပင် ရေချိုးခန်းထဲက ထွက်လာသော ကောင်မလေးက သူ့ဆီ လှမ်းလာလေတော့ စာအုပ်နှင့်အတူ ထွက်ကျလာသော ဓာတ်ပုံများရှေ့ အလျှင်အမြန် ရပ်ရင်း မမြင်အောင် ကွယ်ထားလိုက်သည်။

နည်းနည်းတော့ ဖရိုဖရဲ နိုင်ခဲ့မယ်ထင်တယ်။သို့ပေမယ့် သူရှိရာသို့ မျက်ခုံးတစ်ချက်သာ ပင့်ကြည့်ပြီး ကုတင်ပေါ်သွားထိုင်နေ၍ သာတော်တော့သည်။

အဲ့တော့မှ  သက်မကို အသာချရင်း ဓာတ်ပုံများအား စာအုပ်ထဲအမြန်ထည့်ရသည်။

ထို့နောက် စားပွဲပေါ် ဟန်မပျက်တင်လိုက်ရင်း

"ဘာစားမလဲ ကြာလေး…ဦးလေး လာတာကို စောင့်မလား။ ဒါမှ မဟုတ် ဆေးရုံကန်တင်းပဲ သွားကြမလား။"

"အင်း…ကြာလေး အပြင်မထွက်ချင်ဘူး။ ကိုမာန် သွားဝယ်ပေးနော့။ ကြေးအိုးဆီချက် စားမယ် ကြက်သားနဲ့"

"အာာ ok ။ အကို အမြန်ဆုံးပြန်လာခဲ့မယ်။ ခဏပဲစောင့်နော်။"

"ဟုတ်"

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now