Our Confessions...

614 50 20
                                    

"ကောင်းကောင်းသွားပါရှင့် ! See you နော်"

ထွက်ပေါ်လာသော ဒေါသတွေကို အံကြိတ်ဖြေဖျောက်ရင်း ပြောလိုက်တော့ ဇွဲ က ရယ်သည်။

ကြည့် ! အမြင်ကတ်စရာ...ဒါနဲ့များ သူမ ကိုချစ်တယ်လေးဘာလေးနဲ့။ သူကဖြင့်
အမြဲလိုက် စ နေပြီးတော့။

တရွေ့ ရွေ့ ထွက်သွားသော ဇွဲ အားတစ်ချက် မျှော်ကြည့်ပြီးတော့မှ သူမ ခြံထဲဝင်လိုက်သည်။

အိမ်ထဲ မဝင်ခင် ခုနက ထိုင်နေသော နေရာမှ ဖုန်းယူရန် လှမ်းကြည့်မိတော့ လက်ဆောင်ဘူး အဝါရောင်လေး......

ထို ဘူး ကို အသာဖြေမိတော့ အသံသွင်းထားတဲ့ စက်လေး တစ်ခုက ထွက်ကျလာသည်။

ထို့အတူ တစ်ထွာလောက်ပဲ ရှိလောက်မယ့် အလှပန်းအိုးလေးတစ်အိုး...

အပွင့် ခရမ်းရောင်လေးနဲ့ လှပသော ကြောင့် ကြာဖြူ ပြုံးမိသည်။

ဘယ်သူ ပေးတာလဲ သိချင်၍ ဘူးကို လှည့်ပတ်ရှာကြည့်တော့ Card ပေါ်တွင် ရေးထားသော လက်ရေးဝိုင်းများကြောင့် သူမ အံ့သြမိသွားသည်။

ချက်ချင်း အရှေ့က အသံသွင်းစက်ကို ဖွင့်ကြည့်မိတော့ သူမ ရင်းနှ်ီးသောအသံနှင့် ငြိမ့်ညောင်းသော ဂစ်တာသံလေးက လေအဝှေ့တွင် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ထိုအသံပိုင်ရှင် ညည်းဆိုနေခဲ့သည်က လေးဖြူ ၏ အလင်းရောင် ဟုခေါ်သော သီချင်း......

ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသော သူ ၏ အသံသည် သူမ ဝဲဘက် တစ်နေရာအား ခပ်တိုးတိုး တုန်လှုပ်စေသည်။

ဂစ်တာသံများကြားမှာ မြုပ်ချည်ပေါ်ချည် နိမ့်ချည် မြင့်ချည် ဖြစ်နေသော သူ၏ အသံမတိုးမကျယ်က နှလုံးသား တစ်နေရာအထိ စိမ့်ဝင်ပျံ့ နှံ့နေသည်။

ပြီးဆုံးသွားသော သီချင်းသံနောက် ခဏတာ ငြိမ်သက်သွားပြီး ထိုလူသား၏ ခပ်တိုးတိုးရယ်သံကို အရင်ကြားရသည်။

ဘာလို့ အက်ကွဲနေရတာလဲတော့မသိ ပုံမှန်ရယ်သံနဲ့တော့မတူ...

"အကို ဒီလိုမျိုး ကြာလေးကို နောက်တစ်ခေါက် ဆိုပြချင်တာ။ အင်း။ မျက်နှာချင်းဆိုင် ဆိုပြချင်တာ။ "

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now