Back...

608 55 19
                                    

Background Music

-ဝိုင်းဝိုင်း ( ကန့်သတ်ချက်များ )

----*

လေပြည်အေးများက ခပ်သာသာလေးတိုက်ခတ်နေသည်။

ချမ်းအေးလှသော ဟေမာန် ဆောင်းတွင် အအေးဒဏ်ကို အံတုရင်းထိုင်နေသော လူနှစ်ယောက်၏ မျက်ဝန်းများတွင် ကြေကွဲခြင်း အဓိပ္ပာယ်များ ထင်ဟပ်နေကြသည်။

ကွပ်ပျစ်လေးပေါ်တွင် ထိုင်ရင်း ဟိုးအဝေးက ကြယ်တွေဆီကို ငေးမောနေသော်ငြား စိတ်တွေကတော့ အနီးအနားမှာပဲရှိလောက်အောင်ကို တစ်စုံတစ်ရာသော စကားတို့ကို နှစ်ယောက်လုံး မျှော်လင့်နေကြသည်။

"တောင်းပန်ပါတယ်။"

ကောင်လေး၏ စကားအဆုံး ကောင်မလေး၏ မျက်ဝန်းထက်မှ မျက်ရည် တစ်စက်က ပါးပြင်နုနုထက် ဖြတ်သန်းသွားခဲ့လေသည်။

"ငါက ဒီ့ထက် ပိုမျှော်လင့်ထားခဲ့တာဟ။ ဒီထက်ပို နားလည်လွယ်စေမယ့် လမ်းခွဲစကား လိုမျိုးပေါ့ဟာ။"

နှာခေါင်းတစ်ချက် ရှုံ့ပြီး ပြောသော ကောင်မလေး၏ အသံသည် ပေါ့ပါးဟန် ရှိသော်လည်း အက်ကွဲနေသည်။

ထိုအခ်ျိန် ခေါင်းသာ ပိုငုံ့သွားသော ကောင်လေးအား ကောင်မလေးက မျက်ရည်များဖြင့် ကြည့်ရင်း နာနာကျင်ကျင် ပြုံးသည်။

"နင်မပြောနိုင်မှန်း ငါသိပါတယ်။ နောက်ပြီး ငါလည်း နားလည်ချင်တယ်ဟ။ နင့်ပါးစပ်က ပြောမယ့် အမှန်တရား တစ်ခုကို ငါနားထောင်ချင်သေးတယ်။ "

ထို့နောက် ထွက်ကျလာသော မျက်ရည်များအား မျက်နှာကို အုပ်ကာ ဖယ်ရှားလိုက်ရင်း ဟက် ခနဲ တစ်ချက် ရယ်လိုက်သည်။

"ငါအရမ်း များ အိုဗာ ဖြစ်သွားလားမသိဘူး။ "

ပြန်မော့ကြည့်လာသော ကောင်လေး၏ မျက်ဝန်းများသည် လွန်စွာမှိုင်းညှို့နေသည်။

"ပွင့်ပွင့်လင်းလင့်ပေါ့ဟာ။ ငါက စွန့်လွှတ်ပေးရမယ့်သူပဲဟာ ဒီလောက်တော့ သိသင့်ပါတယ်။"

ဘာစကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်နေသော ကောင်လေးအား ကြည့်ရင်း ကောင်မလေးမျက်နှာသည်လည်း ပြိုတော့မည့်မိုးလို မှိုင်းညှို့ လာသည်။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now