Unexpections ...

661 68 26
                                    

ငှက်ကလေးတွေ၏ ကျလိကျလိ အသံတွေနဲ့အတူ
5 a.m ဟုညွှန်ပြထားသော alarm နာရီလေးအား ပိတ်လိုက်ပြီး ခတ္တာ အိပ်ရာထလိုက်သည်။

ရေမိုးချိုး အဝတ်အစားလဲပြီးတာနဲ့ မီးဖိုခန်းထဲဝင်လိုက်သည်။

ဒီနေ့ ဖွားတော်က ငါးကြော် ကြွတ်ကြွတ်လေး စားချင်တယ်ဆိုလို့ ကြော်ပြီးသွားပို့ရန် ပြင်ရမည်လေ။

ပြီးရင် သူမလည်း ကျောင်းသွားဖို့ ပြင်ရမယ်။ ဟိုတစ်နေ့ကပဲ ဝင်ခွင့်ကျတာမို့ ဒီနေ့ စပြီးသွားရမှာဖြစ်ပြီး နည်းနည်းလည်း ဝမ်းနည်းမိသည်။

ကျောင်းတက်လ်ို့ ကျောင်းဆောင်ရပြီဆို သူမလည်း ဒီအိမ်က ထွက်သွားရမှာလေ။

ဒီအတောအတွင်း စစ်မာန်နဲ့ အဆင်ပြေမယ် ထင်သော်လည်း ပိုပြီးတော့ ဝေးသွားသလိုတောင် ခံစားမိသည်။

သူမ တကယ်ကိုနောက်ကျသွားခဲ့တာ...

ဝမ်းနည်းဖွယ်အတွေးတွေကို ခေါင်းခပ်ကြမ်းကြမ်းခါကာ ရိုက်ထုတ်လိုက်သည်။

ထို့နောက် apron ကို ကောက်ဝတ် ငါးကို အရသာမှုန့်နဲ့ နယ်ကာ gas မီးဖို ဖွင့်ပြီး ငါးကြော်ရန် အဆင်သင့်ပြင်လိုက်သည်။

ထို့နောက် အိမ်နောက်ဖက် လှေကားမှ ခြေသံကြားတာမို့ ထွက်ကြည့်လိုက်တော့ စစ်မာန်တစ်ယောက် ခုမှ အိပ်မှုံစုံမွှားနှင့် လှေကားပေါ်မှ ဆင်းလာသည်။

*မဟုတ်မှလွဲရော စစ်မာန် ခေါင်မိုးထပ်မှာ အိပ်ခဲ့တာများလား?*

အောက်ရောက်တော့ စစ်မာန်က သူမကို မျက်ခုံးတစ်ချက်သာ ပင့်ကြည့်ပြီး အထဲသို့
ဝင်သွားလေသည်။

စစ်မာန်၏ အင်္ကျီနောက်ကျောမှာ တွန့်ကျေနေပြီး ဖုန်အချို့ ကပ်ညိနေလေသည်။

အခုတလော စစ်မာန် ဘာတွေများဖြစ်နေပါလိမ့်? မျက်နှာလည်း သိပ်မကောင်း... တစ်ယောက်တည်း ငိုင်တိုင်တိုင် ဖြစ်ရင်ဖြစ် မဟုတ်ရင် ခေါင်မိုးထပ်မှာ အချိန်ကုန်နေတာများသည်။

အခုလည်း ခေါင်မိုးထပ်မှာ အိပ်ပျော်သွားတာ ဖြစ်မည် ထင်သည်။ ခြင်တွေဘယ်လောက်တောင် ကိုက်ခံထိမလဲမသိ။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now