"ကြာဖြူရေ ကောင်းကြာဖြူ ဧည့်သည်
လာတယ် "အောက်ထပ်မှအသံကြောင့် ကြာဖြူ ကုတင်ပေါ်လှဲနေရာမှ ခေါင်းထောင်လာသည်။
*ဘယ်သူများလဲ ငါ့အိမ်ကို ဘယ်ဧည့်သည်မှ မလာဖူးပါဘူး*တွေးနေရင်းပင် အမေက အခန်းထဲဝင်လာပြီး လာတွဲလေသည်။
"မေမေ ဘယ်သူတွေလဲ?"
သူမမေးတော့ မေမေက သူမကို ကုတင်ပေါ်မှ ဆွဲထူပြီး လက်ကိုဆွဲကိုင်ကာ
"သမီး ဆရာမလို့ပြောတယ်"
"ဆရာမ?"
"ကဲစကား မပြောနဲ့တော့ အောက်မှာ ဧည့်သည်တွေစောင့်နေတယ် ဖြည်းဖြည်း
ဆင်းဦး"အောက်ရောက်တော့ နှာခေါင်းထဲဝင်လာသည်က ခပ်ဆိုးဆိုးတူးနံ့ !
မေမေ့ကိုကြည့်တော့လည်း နှာခေါင်းတရှုံ့ရှုံ့နှင့်....
ပြီးမှ မေမေ အလန့်တကြား"ငါ့ကြက်သားတွေ!!!!!!!!!"
သူမအော်ပြီး နောက်ဖေးမီးဖိုချောင် ထဲသို့
ပြေးထွက်သွားသည်ကိုတွေ့သည်။
ကြာဖြူတစ်ချက်ပြုံးပြီး ခေါင်းခါလိုက်ကာ
သူမကို စောင့်နေပါသည်ဆိုသော ဧည့်သည်ရှိရာ ဧည့်ခန်းဘက်သို့ ထော့နဲ့ထော့နဲ့ နှင့်လျှောက်သွား တော့သည်။ဧည့်ခန်းသို့ရောက်သော် မျက်နှာချင်းဆိုင် စီထားသော ဆိုဖာ နှစ်လုံးပေါ်တွင် ထိုင်နေသော တီချယ်နီနီနှင့် သူရင်းနှီးနေသော မျက်နှာနှင့် အကိုကြီးတစ်ယောက်။
တီချယ်က သူမကို ပြုံးကြည့်တော့ ဘေးက ခေါင်းငုံ့ထားသော ထိုတစ်ယောက်က လှုပ်လှုပ်ရှားရှားဖြစ်လာပြီး သူမကိုမော့ကြည့်လာသည်။
*ထိုအခိုက်အတန့်....... ယခင်နေ့ကမြင်ခဲ့သော အိပ်မက်ထဲထိ ထည့်မက်ခဲ့သော ထောင့်ကျကျ မျက်ဝန်းထဲမှ မျက်ဆံ နက်နက်လေးတွေ.....*
သူမအရင်မျက်နှာလွှဲလိုက်ပြီး ဆိုဖာဆီသို့အမြန်လျှောက်သွားမည်ပြင်သည်။
စိတ်သွားတိုင်းကိုယ်မပါသော ခြေထောက်တို့ကြောင့် ချော်လဲမလို ဖြစ်သွား၍ ဘေးမှနံရံကိုပင် အားပြုထောက်ထားလိုက်ရသည်။
YOU ARE READING
လရောင်ဆမ်းမှ ပွင့်တဲ့ပန်း
Randomလရောင်ဆမ်းမှ ဖူးပွင့်ရတဲ့ ကြာပန်းလေးဟာ ကန်ပေါ်မှာ မထင်မရှားပေါ်နေတဲ့ လရိပ်လေးကိုကြည့်ပြီး လမင်းကြီးဟာ သူမအတွက်ပဲလို့ သတ်မှတ်ထားလေရဲ့........... ဒါဆိုလမင်းကြီးကကော? ဘေးကတောက်ပလှတဲ့ အမျိုးစုံကြယ်ပွင့်တွေထက် ရေပြင်ထက်က သူ့က...