ကြာပန်း​လေးရဲ့ ပတ်​ဝန်းကျင်

1.6K 111 7
                                    

"တီတီ" "တီ" "ဟာ ! မောင်းကြပါကွ"

မီးပွိုင့်တစ်ခုတွင် ဖြစ်သည်။ ကြာဖြူ  တို့ကျောင်း သည် လမ်းမပေါ်တွင် တည်ရှိသည်က တစ်ကြောင်း ၊ရပ်ကွက်ထဲအပြင် လမ်းထိပ်တွင် ရပ်စီးကြသော ကျောင်းသူကျောင်းသားများရှိသည် ကတစ်ကြောင်း ၊ ထိုသို့သောအကြောင်း များကြောင့် သူမတို့ကျောင်းကား သည် သူများ ကျောင်းကားများနှင့်ယှဉ်လျှင် ကျောင်းသို့ ရောက်ရန်​ အမြဲ နောက်​ကျသည်။ အမြဲတမ်းတော့ ကျောင်းချိန် (၇:၀၀) မတိုင်ခင် ရောက်တတ်ပေမယ့် ယနေ့ ကျောင်းသားတော်တာ် များများ အားရပ်စောင့်နေ
ရခြင်းကြောင့်နောက်ကျလှသော ကြာဖြူတို့
ကျောင်းကား ပျက်နေသော မီးပွိုင့်နှင့်ပါ
သွားတိုးလေတော့သည်။
ထိုမီးပွိုင့်ကလည်း တစ်နှစ်လုံးတက်လာ သည်အကောင်း ​၊ ယနေ့မှ ထူးပြီး ပျက်နေသည်မှာ ကောင်းကြာဖြူအား ဒုက္ခပေးမည့်အလားမှတ်ရသည်။

ကြာဖြူတို့ အတန်းပိုင်သည် လွန်စွာစည်းကမ်းကြီးသည်။ အမှတ်နှင့်အတန်းခွဲသော
ကျောင်းဖြစ်၍  စာတော်သူ ကျောင်းသားကျောင်းသူများကိုသာ အတန်းပိုင်လုပ်ရသူ ထိုဆရာမ ဒေါ် နီနီအေးသည်ကျောင်းသားများကို အများတကာထက် စာပေတွင် သာမက စိတ်ဓာတ်စည်းကမ်းအရာတွင်ပါ တော်စေချင်သည်။ ထိုသို့ ဖြစ်အောင်လည်း ဆုပေး ၊
ဒဏ်ပေးစနစ် များကို အမြဲ သတ်မှတ်ထားသူဖြစ်သည်။
အဆိုးဆုံး အပြစ်​သည် နောက်ကျခြင်းဖြစ်ပြီး (၈) တန်းကျောင်းသူတစ်ယောက်ဖြစ်လာ
လျှင်နောက်မကျသင့်ကြောင်းအမြဲဆုံးမ တတ်သူဖြစ်သည်။ စည်းစနစ်ကျလှသော သူမ၏ အတန်းကွပ်ကဲပုံကြောင့် တခြား ဆရာမများအကြားရေပန်းစားတတ်သူဖြစ်သည်။

ကြာဖြူ အတန်းပိုင်ဆရာမအကြောင်း တွေး
နေရင်း နာရီကိုကြည့်မိတော့ ( ၆: ၃၅) ။ မိမိတို့ကားမှာ မီးပွိုင့်ရှေ့ သုံးစီးမြောက်တွင် ရှိသော်လည်း သူ့ထက်ငါ အပြိုင် ဖြတ်နေကြသော ကားများကြောင့် ကားတစ်ဘီးလှိမ့်ရန်ပင် မစွမ်းသာ။ ဘရိတ်ကိုစောင့်စောင့်အုပ်နေသောကြောင့်ကြာဖြူ ကား အရှေ့ခန်းကို သွားသွားရိုက်မိသည်ကလည်း ခဏခဏပင်။

"ဟူး" ကြာဖြူ သက်ပြင်းကိုသာ ခပ်လေးလေးချလိုက်သည်။
*ဒီတစ်သက်ကျောင်းကောရောက်ပါဦးမလား*

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းOnde histórias criam vida. Descubra agora