If you want Background music, Here are the best.~Ending Scene by Jungkook (BTS)
~My love by Lee Hi
~My love…My love by Yoon Mirae------*-------*-------*-------*--------*------*-
"လေယာဉ် ဆိုက်ရောက်တော့မည် ဖြစ်ပါသဖြင့် ထိုင်ခုံခါးပတ်များအား ပတ်ထားကြပါရန် လေးစားစွာ××××"
ကြေညာသံအဆုံး ခါးပတ်ပတ်ထားရင်း မြင်နေရသော အိမ်သေးသေးလေးများအား ခက်ဇွဲထိုက် လွမ်းမောစွာ လိုက်ကြည့်မိသည်။
၎ နှစ်ကြာပြီးမှ ပြန်လည်ရောက်ရှိလာသော အမိမြန်မာပြည်…
ခက်ဇွဲထိုက် နာမည်ကြီး တက္ကသိုလ်တစ်ခုတွင် scholar ရ၍ သွားခဲ့ရမှ အခုမှ တရားဝင်ပြန်လာရခြင်း……
အခုဆို သူဟာ နိုင်ငံခြား certificate ရ software engineer တစ်ဦး……
တိုတိုပြောရရင်တော့ ထမင်းမငတ်မယ့် အလုပ်တစ်မျိုးပေါ့.
ခက်ဇွဲထိုက် က ဒီနိုင်ငံကမှ မခွာချင်ဘဲ…အဲ့ တစ်ဦးတည်းသော မနိုင်စိန်မလေးက မသွားရင် သူ့ကို လုံးဝမစဉ်းစားပေးဘူးတဲ့လေ…
***
"ဇွဲ ဟိုက Scholar တောင်ပေးတာလေ။ သွားပါဟ ဒုက္ခပဲ scholar ရလို့မပျော်တာ ဇွဲ တစ်ယောက်ပဲ ရှိမယ်ထင်တယ်"
"ငါမှ--မင်းနဲ့ မခွဲချင်တာ။ မင်း က အိမ်ကလည်း ခွဲနေသေး! တစ်ခုခုဆို ငါပါ မရှိရင် မင်း ဘယ်လိုလုပ်မတုန်း?"
"ဟာ! စိတ်ပူစရာ မဟုတ်တာတွေကို ဇွဲရာ။ ဇွဲ ကပါ အဲ့လိုလုပ်နေရင် ညီမ ဘယ်လိုလုပ် ကိုယ့်ကိုကိုယ် အားကိုးရမလဲ?"
ထိုကောင်မလေးစကားကြောင့် ခက်ဇွဲထိုက် ခဏတာ တွေဝေမိသည်။
ထိုကောင်မလေး၏ အတိတ်…
ထိုကောင်မလေး၏ ဆန္ဒ…"ဇွဲ ~~~ သွားပါဆို"
စိတ်မရှည်စွာ ထပ်ထွက်လာသော ထိုကောင်မလေးစကားအား ခက်ဇွဲထိုက် သက်ပြင်းချရင်း တုံပြန်လိုက်သည်။
" အေး ဇွဲ မသွားဘူးနော်…ညီမ အဖြေမပေးတော့ဘူး။"
နောက်ဆုံးလက်နက်ကို ထုတ်သုံးလာသော ထိုကောင်မလေးကြောင့် ခက်ဇွဲထိုက် ခပ်တိုးတိုးရယ်လိုက်သည်။
YOU ARE READING
လရောင်ဆမ်းမှ ပွင့်တဲ့ပန်း
Randomလရောင်ဆမ်းမှ ဖူးပွင့်ရတဲ့ ကြာပန်းလေးဟာ ကန်ပေါ်မှာ မထင်မရှားပေါ်နေတဲ့ လရိပ်လေးကိုကြည့်ပြီး လမင်းကြီးဟာ သူမအတွက်ပဲလို့ သတ်မှတ်ထားလေရဲ့........... ဒါဆိုလမင်းကြီးကကော? ဘေးကတောက်ပလှတဲ့ အမျိုးစုံကြယ်ပွင့်တွေထက် ရေပြင်ထက်က သူ့က...