Neglect...

603 61 16
                                    

"ကြာလေး…"

"ဟင့်အင်း အဲ့နာမည် မခေါ်နဲ့။ ညီမကို အဲ့နာမည် ပေးတဲ့သူ မရှိဘူး။"

ကြားလိုက်ရသော အသံများကြောင့် အခန်းထဲဝင်မည့် ခတ္တာခြေလှမ်းများရပ်တန့်သွားသည်။

တံခါးခေါက်သင့်ပေမယ့် ဘာအကြောင်းအရာလဲ ဆိုတာ သိချင်၍ အခန်းနားသို့ အသာတိုးကပ်သွားမိသည်။

"…ခတ်နဲ့လည်း အဆက်ဖြတ်ခဲ့တယ်။ တစ်နေ့လုံးလည်း ဒီမှာ ရှိနေပေးတယ်။ အကို ဘာဆက်လုပ်ပေးရဦးမလဲ ပြောလေ…"

ဒါဆို ဒီကောင်မလေး ကျန်းမာရေးကြောင့်ပေါ့။
ဒါဆို စစ်မာန်က ခတ္တာကို မချစ်တော့တာ မဟုတ်ဖူးပေါ့။

ကြည်နူးမှုကြောင့် လွှတ်ခနဲ ထွက်တော့မည် အံ့အားသင့်မည့်အသံအား အလျှင်အမြန် လက်နှစ်ဖက်နှင့် ပိတ်လိုက်ရသည်။

"အဲ့လို အတုအယောင်တွေကို မလိုချင်တာ။……"

ကောင်မလေးတစ်ယောက်၏ ကြေကွဲဆို့နင့်ဖွယ်စကားကြောင့် ခတ္တာ သက်ပြင်းကြိတ်ချမိသည်။

စစ်မာန် က တကယ်ပဲ ကိုယ်ကိုယ်တိုင် အနစ်နာ ခံမယ်ဆိုပြီး အသံကောင်းဟစ်ထားတာကိုးး…
ဒီလိုဆိုရင်တော့ ပိုဆိုးကုန်မှာပေါ့။

ဟိုကောင်မလေး ကတော့ သနားစရာပင်။
ဒါနဲ့ ဘာလို့ ခတ္တာကို သူအရင် ဖုန်းဆက်ခေါ်တာပါလိမ့်?

ခတ္တာ အခန်းတံခါးအား အသာခေါက်ရင်း အပြင်မှာ စောင့်နေမိသည်။

"ကိုမာန် ထွက်သွားပေးပါ။"

ထင်တဲ့ အတိုင်း ထိုကောင်မလေး တကယ်ကို နာကျည်းသွားပြီထင်သည်။

စစ်မာန် တစ်ယောက်နဲ့တော့ ခက်တာပဲ။

တုန်လှုပ်စွာ ပြန်မေးလာသော စစ်မာန် အသံကြောင့်  ခတ္တာ သက်ပြင်းချရင်း နောက်တစ်ခေါက် တံခါးခေါက်လိုက်သည်။

"ထွက်သွားပေးလို့!!!"

အော်ထုတ်လိုက်သော အသံကြောင့် ခတ္တာ အလန့်တကြားဖြစ်သွားပြီး အခန်းပြင်သို့ လျှောက်လာသော ခြေသံများကြောင့်ပါ ဘယ်သွားရမှန်းမသိ ဖြစ်မိသည်။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now