------
အခင်းဖြစ်ရာတွင် ကြည့်ရှုစစ်ဆေးရင်း လုပ်စရာ ရှိတာလုပ်နေသော ရဲထံသို့ လက်အောက် အမှုထမ်းလေးက ပြေးဝင်လာသည်။
"တပ်ကြပ်ကြီး။ အရေးကြီး အမှုတစ်ခု ၀င်လာတယ်။ ပြန်ပေးသမားက ဒီအမြန်လမ်းပေါ်တင်ပဲ ပြောတယ် ။ အသက် ၂၆ နှစ်အရွယ် အမျိုးသား က ဓားစာခံ အမျိုးသမီးကို တင်ခေါ်သွားတယ်တဲ့ ။ ကားက Cygnus အမျိုးအစား။ နောက်ပြီး အမျိုးသားက အပေါ်ကုတ် အပြင် ဂျင်းပင် အမဲ နဲ့ တီရှပ်ဖြူ ၀တ်ထားတယ်လို့ ပြောထားပါတယ်"
တိုက်တိုက်ဆိုင်ဆိုင်ပင် လွန်ခဲ့တဲ့ ငါးမိနစ်လောက်က အပြေးအလွှား လာမေးသော အမျိုးသားကို တန်းသတိရမိသည့်အပြင် တက်သွားသော ကားအမျိုးအစားကအစ တူညီနေသည်မို့ အရာရှိသည် လုပ်လက်စများကို ချကာ စခန်းဆီ သတင်းပေးဖို့ ဖုန်းကောက်ကိုင်ရပါတော့လေသည်။
°°°°°
အနည်းငယ် မှောင်ရိပ်ကျနေသော ဆေးရုံအခန်းငယ် တစ်ခုသို့ ခက်ဇွဲထိုက်တို့ ရောက်လာကြသည်။
"သွေး ကျွန်တော်တို့ သွေးလိုတယ်။"
အခန်းထဲမှ လူတစ်ယောက်၏ ဖုန်းပြောသံကို သူတို့ ကြားနေရသည်။
"သွေးမချိတ်ဘဲ အခုချိန်မှ ဆေးရုံကြီးသွားရင် ခင်ဗျားတို့ ကားပိတ်တာနဲ့ ဒီလူနာ အသက်ရှင်မှာမဟုတ်ဘူး။"
ခပ်နွမ်းနွမ်း ဂျူ တီကုတ်ကို ၀တ်ထားသော ထိုလူက အခန်းပြင်ထွက်လာရင်း ခက်ဇွဲထိုက် တို့ကိုမြင်တော့ အံ့သြသွားသည်။
"ဘယ်လူနာကို ပြောတာလဲဟင်။ ကို--ကိုမာန်လား? သူက အခုထိ ဆေးရုံကြီးကို မရောက်သေးတာလား"
တုန်ယင်စွာပြောလာသော ကောင်းကြာဖြူ အား ဆရာဝန်က ကြည့်နေရင်း ဘာပြောရမှန်း မသိသည့်ဟန်။
အပြောထက် အလုပ်က မြန်သော သူမ ကအမြန်ပင် ခြားထားသော လိုက်ကာစကို ဖွင့်ကြည့်လိုက်သည်။
သွေးများရွှဲနစ်ပြီး ပက်တီးအဖွေးသားဖြစ်နေရှာသော ကိုမာန်..
အသက်ရှူ ပိုက်ပေးထားသော်ငြား မတည်ငြိမ်သော ဂဏန်းများက စိုးရိမ်စရာ ဖြစ်ကြောင်း အသံတိတ်ဖော်ပြနေသည်။
YOU ARE READING
လရောင်ဆမ်းမှ ပွင့်တဲ့ပန်း
Randomလရောင်ဆမ်းမှ ဖူးပွင့်ရတဲ့ ကြာပန်းလေးဟာ ကန်ပေါ်မှာ မထင်မရှားပေါ်နေတဲ့ လရိပ်လေးကိုကြည့်ပြီး လမင်းကြီးဟာ သူမအတွက်ပဲလို့ သတ်မှတ်ထားလေရဲ့........... ဒါဆိုလမင်းကြီးကကော? ဘေးကတောက်ပလှတဲ့ အမျိုးစုံကြယ်ပွင့်တွေထက် ရေပြင်ထက်က သူ့က...