ညီမငယ်​....

937 85 11
                                    

" ကိုစစ်​ ​ရေ ပြတင်း​ပေါက်​​တွေ ပိတ်​ဦး​နော်​ မိုးရွာလာပြီ "

" ဟုတ်​ကဲ့ ​မေနန်း ကျွန်​​တော်​ ခုပဲ ပိတ်​လိုက်​မယ်​"

ကိုစစ်​ ​မေနန်းကို လှမ်း​ပြော ပြီး စာကြည့်​ စားပွဲမှ ထကာ ပြတင်း​ပေါက်​ကို လှမ်းပိတ်​ဖို့ပြင်​သည်​။ တံခါးကို ဆွဲ မပိတ်​ခင်​, မျက်​လုံး​ထောင့်​မှ မြင်​လိုက်​ရသည်​က ဟိုဘက်​အိမ်​​ရှေ့ရှိ ခပ်​မည်းမည်း အရိပ်​တခု....

သူမ​နေနိုင်​သဖြင့်​ ​သေချာကြည့်​လိုက်​​တော့
ဟုတ်​သည်​ ​အ​သေအချာကို လူရိပ်​ပင်​။ တဆက်​တည်း ​နေ့လည်​က ထိုမိသားစု ကားတစ်​စီးနှင့်​ အထုပ်​အပိုးများတင်​ကာ ထွက်​သွားသည်​ကို သတိရလိုက်​သည်​။

*ဒါဆို သူခိုးများလား?!*

ကိုစစ်​ ချက်​ချင်းပင်​ ​အောက်​ထပ်​သို့ ​ပြေးဆင်းကာ ​မေနန်းတို့ဆီ သွား​ပြောလိုက်​သည်​။
ပြီး​နောက်​ မိသားစု သုံး​ယောက်​လုံး ဓာတ်​မီးကိုယ်​စီ နဲ့ ထီး တစ်​​ယောက်​တစ်​​ချောင်းဆွဲပြီး ​ဘေးအိမ်​သို့ ချီတက်​ခဲ့သည်​။

ကိုစစ်​က ​ရှေ့ ဆုံးမှသွားရင်း လမ်းမှာ​တွေ့​သော တုတ်​တစ်​​ချောင်းဆွဲကာ ခြံထဲသို့ ဝင်​လိုက်​သည်​။ ခြံတစ်​ခါးမှာ ​စေ့ရုံပင်​​စေ့ထားပြီး လှမ်းမြင်​ရ​သော အိမ်​​ပေါက်​ဝမှ အရိပ်​မှာ တုတ်​တုတ်​ပင်​ မလှုပ်​​သော​ကြောင့်​ အံ့သြမိတာ​တော့အမှန်​။

ထိုအခိုက်​ မိုးကတဖြည်းဖြည်း စဲသွားပြီး မိုးပွား​လေးများသာ ကျလာသည်​။ ကိုစစ်​ ထီးကို အသာပိတ်​ကာ အ​ဝေးမှ ထိုအရိပ်​အား ဓာတ်​မီးနှင့်​လှမ်းထိုးကြည့်​​တော့မှ လူတစ်​​ယောက်​ထိုင်​​နေခြင်းပင်​။ ​ခေါင်းငုံ့ပြီး ဒူးပိုက်​ထား
သဖြင့်​ မျက်​နှာ​သေချာမမြင်​ရ​ ။ သူ ပဲ အမြင်​မှားတာလားမသိ ထိုကိုယ်​လုံး​လေးက တစ်​ချက်​တစ်​ချက်​ တုန်​ တက်​သွားတာကို​တော့​တွေ့လိုက်​ရသည်​။

မေနန်းတို့ကိုလှည့်​ကြည့်​​တော့  'သွား 'ဆို​သော အမူအရာပြ၍ သူထီးနှင့်​ ဓာတ်​မီးကို အသာချကာ ​ခြေလှမ်းခပ်​ဖွဖွဖြင့်​ လှမ်းသွားလိုက်​သည်​။ လက်​တွင်​​တော့ ယူလာ​သော တုတ်​​ချောင်းကို ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ကိုင်​ထားလျက်​ တဖြည်းဖြည်း တိုးကပ်​သွားလိုက်​သည်​။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now