ကြာဖြူ အခန်းပြတင်းပေါက်နားရှိ ကြိမ်ခုံလေးတွင် ထိုင်ပြီး အပြင်ကို ထိုင်ငေးနေမိသည်။
အခုဆို သူမဘဝ လည်း ပုံမှန် လည်ပတ်နေလေသည်။ ကျောင်းသွားသည် ၊ ပြန်လာသည် အိမ်မှာ ထမင်းစားသည် ၊ စာလုပ်သည် ၊ အိပ်သည် ၊ မနက်ပြန်ထသည် ဒီလိုနဲ့ ပဲ သံသရာလည်နေခဲ့သည်။
ဒါပေမယ့် အရင်ကလောက် စိတ်ပျက်လက်ပျက် မဟုတ်တာတော့ ကိုယ့်ကိုကိုယ် သိနေသည်။ အခုတလော အရမ်းစိတ်ချမ်းသာ နေတာ ကိုယ့်ကိုကိုယ်သာ အသိဆုံးမလား?
ကိုယ့်အတွေးနဲ့ကိုယ်ပြုံးလိုက်ပြီး လှမ်းမြင်နေရသော ဟိုဘက်ခြံထဲမှ ပန်းပင်ရေလောင်းနေသော အကို့ကို ကြည့်လိုက်သည်။
အင်္ကျီ လက်ပြတ် အဖြူလေးနှင့် ဒူးဖုံးဘောင်းဘီကို ဝတ်ထားသော်လည်း ကြည်လင်သော အသားအရေမှာ ထင်းထွက်နေသည်။
အိမ်နေရင်း ဝတ်စုံနဲ့တောင် တကယ်ကြည့်ကောင်းသော အကိုရယ်ပါ..
အန်တီနန်းစိုက်ထားသော ပန်းပင်လေးတွေကို ဂရုတစိုက် လောင်းကာ ညှပ်သင့်သည့်အရွက်ကို ညှပ်၊ ခူးသင့်သည့်ကို ခူးကာ တစ်ကယ်ကို စိတ်ဝင်တစား လုပ်နေသည်ကို သူမ သတိလက်လွတ်ငေးမောမိသည်။
သူ့ကြောင့်မလား? သူမကို ခုတလော အရမ်း ဂရုစိုက်ပေးသော အလိုက်သိတတ်လွန်းသော ကိုမာန်မလား..
သူမစိတ်ထဲ သူကတဖြည်းဖြည်း နေရာယူလာသလိုပင်။
ကျောင်းမှာတွေ့လည်း အနွေးထွေးဆုံး ပြုံးပြတတ်ပြီး သူမကို အမြဲဂရုတစိုက်လာလာကြည့်တတ်သေးသည်။
ညပိုင်းဆိုလည်း အန်တီနန်းက စာအတူလုပ်ရန် ခေါ်သောကြောင့် ညတိုင်းလည်း တွေ့ဖြစ်သည်။
အိမ်ကလူတွေကတော့ သူမကို သိပ်ဂရုမစို်က်အားသည်မို့ လွှတ်ထားသည်ကများသည်။
အဲ့တော့ သူမ၏ အချိန်တော်တော်များများသည် ကိုမာန်တို့ အိမ်တွင် ကုန်ဆုံးလေ့ရှိသည်။ တဖြည်းဖြည်းသူတို့ မိသားစု တစ်စိတ်တစ်ပိုင်းပင် ဖြစ်လာသလိုတောင် ကိုယ့်ကိုကိုယ် ခံစားမိသည်။
အခုလည်း ကျောင်းပိတ်ရက်မို့ ကိုမာန်
ပန်းပင်ရေလောင်းနေသည် ။ သေချာသည် ခဏကြာလို့ အလုပ်လက်စသတ်ပြီးလျှင် သူမအရမ်းသဘောကျသော စကားဖြူ ပန်းလေးကို ရေထဲသေချာစိမ်ထားကာ ညဘက်သူမလာရင် ပေးလိမ့်မည်။
YOU ARE READING
လရောင်ဆမ်းမှ ပွင့်တဲ့ပန်း
Randomလရောင်ဆမ်းမှ ဖူးပွင့်ရတဲ့ ကြာပန်းလေးဟာ ကန်ပေါ်မှာ မထင်မရှားပေါ်နေတဲ့ လရိပ်လေးကိုကြည့်ပြီး လမင်းကြီးဟာ သူမအတွက်ပဲလို့ သတ်မှတ်ထားလေရဲ့........... ဒါဆိုလမင်းကြီးကကော? ဘေးကတောက်ပလှတဲ့ အမျိုးစုံကြယ်ပွင့်တွေထက် ရေပြင်ထက်က သူ့က...