Forgiveness...

590 50 19
                                    

သူမတို့နှစ်ယောက် မျက်နှာချင်းဆိုင် အတော်ကြာ ရပ်နေမိသော်လည်း တစ်ယောက်မှ စကားမစမိ။

တစ်ချိန်က အရင်းနှီးဆုံးဖြစ်ခဲ့ကြသော်လည်း အခုတော့ သူစိမ်းသာသာ။

"ကြာလေး နေပြန်ကောင်းသွားပြီလား?"

ကိုမာန့်ဆီမှ နှုတ်ခွန်းဆက်သံကြောင့် သူမ ဆတ်ခနဲ တုန်သွားသည်။

"ဘာလို့လဲ ကြာလေး? အဆင်ပြေရဲ့ လား"

ပြောရင်းနဲ့ လက်က သူမ နဖူးဆီ လှမ်းလာတော့ ကြာဖြူ အနောက်ကို တစ်လှမ်းဆုတ်မိသည်။

ကိုမာန်က အရှေ့ကို တိုးလာရင်းမှ စိတ်မကောင်းဟန် မျက်နှာ ပျက်ယွင်းသွားသည်။

လက်ကိုလည်း ပြန်ရုတ်ပြီး အဝေးတစ်နေရာကို ကျော်ကြည့်ကာ သက်ပြင်းကို ခပ်ဖွဖွ ချလေသည်။

မရတော့ ။ ကြာရင် သူမ ငိုမိတော့မယ်။
အခုချက်ချင်း သူမ ဒီကနေ ထွက်သွားမှ ဖြစ်မယ်!
အတွေးနဲ့အတူ အနောက်ကို ခပ်ဖြေးဖြေး ဆုတ်နေမိသည်။

မြေမညီသော နေရာမို့ မြေကြီးပေါ်က ခဲလုံးကို နောက်ပြန်ခလုတ်တိုက်ကာ သူမ ယိုင်သွားသည်။

"ကြာဖြူ !!"

အနောက်မှ အသံသြသြနှင့်အတူ ပခုံးထက် ဖမ်းကိုင်ထားသော လက်တစ်စုံကြောင့် ကြာဖြူ တောင့်ခနဲ ဖြစ်သွားသည်။

ရုတ်တရက်မို့ ကိုမာန်ကလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး သူမကို စိုးရိမ်ကြီးစွာကြည့်လာသည်။

ဇွဲ က သူမ အား ထူမပေးရင်း မြေကြီးပေါ် မတ်မတ်ရပ်စေပြီး သူမရှေ့ ဝင်ရပ်ကာ ကိုမာန့်အား ရန်သူ သဖွယ်ကြည့်နေလေသည်။

"ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ? "

ခက်ဇွဲထိုက် စကားကြောင့် စစ်မာန် ထောင်းခနဲ ဒေါသထွက်လာသည်။

ဇွဲ ကွယ်ထား၍ ကိုမာန့်မျက်နှာအနေအထားကို မမြင်ရသော်လည်း ကိုမာန် လက်သီးဆုပ်များ ပိုတင်းလာသည်ကို ကြာဖြူ တွေ့ နေရသည်။

"သူ့ကို ဘာဒုက္ခတွေထပ်ပေးဦးမလို့လဲ? ဆေးရုံရောက်တာနဲ့တင် မလုံလောက်သေးဘူးလား??"

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now