ပူပြင်းလှသော နေကိုကြည့်ကာ စစ်မာန် ခြံရှေ့ ထွက်မတ်တပ်ရပ်ရင်းပင် သက်ပြင်းချမိသည်။
ကြာလေးခုထိ ပြန်ရောက်မလာသေးပေ။ သူ့မိဘတွေ ဒီညနေ ပြန်ရောက်မှာ ဖြစ်သော်လည်း သူတို့အိမ်တွင် ထမင်းလာစားဖို့တော့ မေနန်းက မှာထားခဲ့တာကြောင့် မလာမှာတော့ မဟုတ်လောက်ပေ။
ဟိုဘက်အိမ်ကို များပြန်သွားလေသလား ဟူသော စိတ် နှင့် သွားကြည့်သော်လည်း သော့ခတ်ထားသော အိမ်တံခါးကြောင့် စစ်မာန် စိတ်တွေ မတည်ငြိမ်နိုင်တော့ပေ။
သူကျောင်းဆင်းတုန်းက ကြာလေး ကားစောင့်နေသည်မို့ နှုတ်ဆက်ကာ တစ်ယောက်တည်းပြန် လာမိသည်ကိုပင် နောင်တရချင်လာသည်။
လက်ပတ်နာရီကို ကြည့်တော့ ၂ နာရီပင် ထိုး တော့မည်။ ခုထိ ကြာလေးနဲ့ တူသော အရိပ်အယောင် တောင်မဟုတ် ၊ ကျောင်းကားကိုတောင် မတွေ့ရသေး။
နေ့ခင်း ၁၂ နာရီ ကျောင်းဆင်းတာမို့ နေ့လည် ၂ နာရီထိုးခါနီးတောင် အိမ်ပြန်မရောက်သေးသည်မှာ ပုံမှန်မဟုတ်တော့ချေ။
ရင်ပူလွန်းလှ၍ အိမ်ထဲဝင်ပြီး ရေခဲရေတစ်ခွက်ကို ဆွဲယူသောက်ကာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော သက်ပြင်းမောကို ချမိပြန်သည်။
"သားစစ် ကြာဖြူ မလာသေးဘူးလား ?"
ကိုစစ် ပြန်ဖြေမလို့ရှိသေး အချိန်ကိုက်ပင် အိမ်ရှေ့မှ ဟွန်းတီးသံ နှင့် ဆူညံသော ကျောင်းကားအသံကြောင့် စစ်မာန် အိမ်ရှေ့ကို အမြန်ပြေးထွက်ကြည့်မိသည်။
"ကောင်းကြာဖြူ အိမ်ရောက်ပြီ"
ကျောင်းကားပေါ်မှ ဦးလေးကြီးက ပြောသော်လည်း အတန်ကြာ ထွက်မလာတာမို့
"ကောင်းကြာဖြူ! !?"
ထို ဦးလေးကြီး၏ ထပ်မံခေါ်သံကြောင့် တစ်ကားလုံး တိတ်ဆိတ်သွားကာ အကုန်လုံးပြိုင်တူ ကားအတွင်းပိုင်းသို့ ကြည့်လိုက်ကြသည်။
ကောင်းကြာဖြူထိုင်နေကျနေရာတွင် တခြားကောင်မလေးတစ်ယောက်ရှိနေပြီး ထိုကောင်မလေးကလည်း မနေတတ်သလို ဟိုကုတ်ဒီကုတ်လုပ်နေသည်။
YOU ARE READING
လရောင်ဆမ်းမှ ပွင့်တဲ့ပန်း
Randomလရောင်ဆမ်းမှ ဖူးပွင့်ရတဲ့ ကြာပန်းလေးဟာ ကန်ပေါ်မှာ မထင်မရှားပေါ်နေတဲ့ လရိပ်လေးကိုကြည့်ပြီး လမင်းကြီးဟာ သူမအတွက်ပဲလို့ သတ်မှတ်ထားလေရဲ့........... ဒါဆိုလမင်းကြီးကကော? ဘေးကတောက်ပလှတဲ့ အမျိုးစုံကြယ်ပွင့်တွေထက် ရေပြင်ထက်က သူ့က...