Sorrow...

621 64 26
                                    

Background Music

~ဝိုင်းဝိုင်း & ကြိုးကြာ ( မဆုံတဲ့ ဖူးစာ )

----

"ခက်ဇွဲထိုက်.မင်း အထုပ်အပိုးပြင်တော့ "

ဖခင်၏ တစ်ချက်လွှတ် အမိန့်ကြောင့် ကျောင်းက ပြန်လာသော ခက်ဇွဲထိုက် ၏ ခြေလှမ်းတို့ ရပ်တန့်သွားသည်။

"ငါတို့ အပေးအယူကို မှတ်မိပါတယ်နော်။ မင်း မနေ့က တစ်ညလုံး ဆေးရုံမှာ ရှိနေတာကို ငါခွင့်ပြုထားတယ်နော်။ မင်း မနက်ဖြန် မင်းအဒေါ်ဆီ သွားတော့"

ခက်ဇွဲထိုက် သက်ပြင်းချရင်း ခေါင်းညိတ်ပြလိုက်သည်။

ထို့တော့မှ ကျောင်းအုပ်ကြီးလည်း ကျေနပ်သွားဟန်နှင့် အခန်းထဲဝင်သွားလေတော့သည်။

----)

"သမီး…လိမ္မော်သီး စားနော်။ သမီး ကြိုက်တယ် မဟုတ်လား? "

ပြတင်းပေါက်မှ အဝေးသို့ မျှော်ကြည့်နေသော ကောင်းကြာဖြူ တစ်ယောက် ဒီဘက် လှည့်လာသည်။

ကမ်းပေးသော လိမ္မော်သီးအားယူပြီး ပါးစပ်ထဲ ထည့်ကာ တမြုံ့ မြုံ့ ဝါးနေပြန်သည်။

"ဟဲ့ သမီး အစေ့တွေ ဝါးမစားနဲ့လေ။"

အမေဖြစ်သူ၏ စကားကြောင့် ကြာဖြူ ထွေးခံထဲ အကုန် ပြန်ထွေးထုတ်လိုက်သည်။

ထို့နောက် နောက်တစ်ဖက်သို့ လှည့်ကာ စောင်ကို ခေါင်းထိ ခြုံထားလိုက်တော့သည်။

သမီးဖြစ်သူ၏ အမူအယာကြောင့် ဒေါ်မေဆင့် ခမျာ မျက်စိပျက် မျက်နှာပျက်…

ဘေးခုံတွင် ထိုင်နေသော ဦးမြင့်စိန်ကို မျက်ရည်အဝိုင်းသားနှင့် လှမ်းကြည့်မိတော့ ခေါင်းတစ်ချက် ညိတ်ပြီး ပြန်ပြုံးပြသည်။

" အဆင်ပြေသွားမှာပါကွာ။ အခ်ျိန် ခဏတော့ ပေးလိုက်ပါ။ "

ဒေါ်မေဆင့်၏ ပခုံးကို ဖက်ပြီး ထွေးပွေ့ ပေးတော့ ဇနီးဖြစ်သူက ငိုသည်။
အသံမထွက်စေဘဲ တရှုံ့ရှုံ့နှင့်သာ…
ှီုဦးမြင့်စိန်မှာတော့ သက်ပြင်းချကာ ဆုတောင်းနေရတော့လေသည်။

ဝမ်းနည်းဖွယ် မိသားစုအား အခန်းဝမှ ချောင်းကြည့်နေသော စစ်မာန်လည်း စိတ်မကောင်း…

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now