Again...

731 94 16
                                    

အဋ္ဌမတန်း ကျောင်းသား များ ပထမအစမ်းစာမေးပွဲ...

23.10.18......တနင်္လာနေ့ .........မြန်မာစာ
............
............
...............

အစရှိသဖြင့် ကျောက်သင်ပုန်းပေါ်တွင် ဇယားချကာ ရေးထားသော စာမေးပွဲ အချိန်စာရင်းအား ကျောင်းသူကျောင်းသားများ လိုက်ကူးနေကြသည်။

တချို့ ကလည်း စိတ်ညစ်ညူးစွာ...
တစ်ခ်ျို့ ကလည်း ပါးစပ်အဟောင်းသားနှင့် ကြည့်ကာ ... တခ်ျို့ကလည်း မျက်လုံးပြူး မျက်ဆံပြူးနှင့် အတန်းခေါင်းဆောင်အား မေးနေကာ...

ဤသို့ ဤသို့ မြင်ကွင်းများသည် ကြာဖြူ
တို့ကျောင်းတွင် စာမေးပွဲဖြေတိုင်း တွေ့ နေကျမြင်ကွင်းမျိုးပင်...

မိမိတို့ကျောင်းသည် ထ ( ၁ ) ဖြစ်သည့်အပြင် ဖြေလိုက်ရင်လည်း အခြားကျောင်းများထက် အမြဲပင် စောသည်။

ထို့ကြောင့်လည်း ကျောင်းသားများအဖို့ တစ်လနှင့်တစ်လ ဘယ်နေ့များ စစ်မလဲဆိုတာကို ရင်တမမနှင့် စောင့်မျှော်နေရတာလည်း အလုပ်တစ်ခုလို။

ယခုလည်း နောက်တစ်ပတ် တနင်္လာနေ့ ဖြေရမည်ကို ယနေ့ အင်္ဂါမှ Time table ထွက်သည်။ ပြီးတော့လည်း ယခုစာမေးပွဲက ပထမအစမ်း...!

အဲ့တော့လည်း ဘာမှတော့ မတတ်နိုင်။ ယခု
အချိန်ကစ စာလုပ်ရန်သာရှိတော့သည်။

"ဟဲ့!"

"အမယ်လေး!!"

ကြာဖြူ တစ်ယောက် အတွေးများနေတုန်း အနောက်က ပုတ်လိုက်သောကြောင့် လန့်ဖြန့်ကာ အော်လိုက်မိသည်။

"ဟဲ့ ! ငါပါဟ "

"အော် ဆွေဇင်...လန့်လိုက်တာ"

ကြာဖြူ ရင်ဘတ်လေးကို ဖိပြီး ပြောလိုက်သည်။

"Sorry...ဟို...ငါပြောစရာရှိလို့ဟ။ ငါတို့ကျောင်းမှာ ဒီလကုန် ဆုပေးပွဲ ရှိတာလေ ။ အဲ့ဒါနင်သိတယ်မလား?"

"အင်းလေ။ ... နင်ဆုရတယ်ဆို"

ကြာဖြူ ဂရုမစိုက်သလို စာအုပ်တွေ သိမ်းနေသည်။

"အင်း အဲ့ဒါကြောင့်လည်း ငါနင့်ကို အကူအညီတောင်းစရာရှိလို့"

ဆွေဇင်က မဝံ့မရဲ ဟန် နှင့် အားနာသလို ပြောတော့ ကြာဖြူ မျက်လုံးတစ်ချက် လှန်ကြည့်လိုက်သည်။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now