Hurt...

741 79 52
                                    

"Taxi!!"

ခက်ဇွဲထိုက် လက်နဲ့လှမ်းတားပြီး သိပ်မကြာ နံပါတ်ပြားအနီ တပ်ထားသော ကားအဖြူ တစ်စီးက လာရပ်သည်။

"xxxxလမ်း xxxရပ်ကွက် "

ဈေးညှိလို့အဆင်ပြေပြီး ခက်ဇွဲထိုက် ဝင်ထိုင်ပြီးတာတောင် ဟိုနှစ်ယောက်က အလွမ်းသယ်လို့မပြီးသေး။

ဒီနေ့ ခက်ဇွဲထိုက် စိတ်တွေ တော်တော်ကို ဆွဲဆန့်ထားနေရသည်။

"ဟေးး ကောင်းကြာဖြူ  ကိုယ့်ဟာကိုယ် လမ်းလျှောက်ပြန်မှာလား?!"

ဆေးရုံရှေ့တွင် စစ်မာန်နှင့် မျက်နှာချင်းဆိုင်ရပ်ရင်း စကားပြောနေသော ကြာဖြူ က ဆူပုတ်ပုတ်နှင့်လှည့်ကြည့်လာသည်။

ခက်ဇွဲထိုက် မျက်နှာကို မဲ့ပြလိုက်သည်။ထို့နောက် လက်ဆယ်ချောင်းထောင်ပြီး

"10…9…8…7…6…5…4.…"

"ကိုမာန် ကြာလေးသွားပြီနော်။ ခုနကပြောသလို အဆင်ပြေအောင်နေနော် !ကြာလေးသွားပြီ။ "
"ဇွဲ~~! ခဏနေဦးဆို!"

ထွက်အံ့ဆဲဆဲ ဖြစ်နေသော Taxi ဆီ ကြာဖြူ အမြန်ပြေးသွားလိုက်သည် ။

"ဇွဲ တကယ်ဘယ်လိုဖြစ်နေတာလဲ? ခဏလေးတောင် မစောင့်နိုင်ဘူးလား ။ ဟိုမှာ စကားပြောနေတာကို!"

ဆူပုတ်ပုတ်နှင့် ပွစိပွစိ ပြောလာသော ကောင်းကြာဖြူ အား ခက်ဇွဲထိုက် မင်သေသေစိုက်ကြည့်နေလိုက်သည်။

ပထမ ကြာဖြူ က အကြည့်လွှဲသွားသည်။ နောက်ပြီး သူ့ဘက်ကို ပြန်လှည့်ကြည့်လာသည်။

ခက်ဇွဲထိုက် အကြည့်မလွဲဘဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

"ဘ---ဘာလဲ? ဘာလို့ အဲ့လိုကြီး."

"ဘာဖြစ်လဲ ? ငါ့မျက်လုံးနဲ့ငါကြည့်တာကို မင်းကိုငါ ခွင့်ပြုချက်ယူရဦးမှာလား??"

"မဟုတ်ဘူးလေ။ ဒီလိုကြီး ရပ်ကြည့်နေတော့…"

ခက်ဇွဲထိုက် ဟက် ခနဲတစ်ချက်ရယ်ပြီး မျက်နှာလွှဲလိုက်သည်။

ကြာရင် အဲ့ရှက်ကိုးရှက်ကန်းမျက်နှာလေးကို အရမ်းအသည်းယားမိတော့မယ်။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now