လ​ရောင်​ဖြာ တဲ့ ​ကောင်းကင်​မှာ......

1.1K 90 12
                                    

"သားစစ် ရေ! ပြီးရင်ထွက်ခဲ့တော့ သားငယ် သားအဒေါ်ရောက်နေပြီ"

"လာပြီ ဗျ ခဏလေး မေနန်း"
အောက်ထပ်မှ မေနန်း၏ လှမ်းခေါ်မှုကြောင့်
ကိုစစ် ကျောင်းစိမ်းပုဆိုးဝတ်နေရင်းမှ အလျင်အမြန် လှမ်းထူးလိုက်သည်။
မနေ့ညက ကောင်းကောင်းအိပ်မပျော် ၊ အိပ်ရာပြောင်းတာ မကြာသေး၍ လားတော့မသိ ဟိုကြည့်ဒီကြည့်နှင့် ညဥ့်နက်မှ အိပ်ပျော်လေသည်။ သို့သော် လည်းခဏခဏ လန့် နိုး၍ အိပ်ရေးကမဝချင်။ ပထမဆုံး နေရာအသစ်တွင် ကျောင်းတက်ရမည်ဖြစ်၍သာ စိတ်ကိုတင်းထားသောကြောင့်ဤ မျှ ခံနိုင်ခြင်း။

ထို့နောက်ညတည်းက စာအုပ်တွေထည့်ပြီး ပြင်ဆင်ထားသော လွယ်အိတ် စိမ်းပြာရောင်လေးအား လွယ်ကာမှန်ရှေ့တွင်ရပ်လိုက်သည်။ နဖူးပေါ် ဝဲကျနေသော ဆံပင်အချို့ အား ဂျယ်လ်လိမ်းပြီး အပေါ်သပ်တင်လိုက်တော့ ဖြူ ဝင်းသော နဖူးပြင်က အတိုင်းသားပေါ်လာသည်။ ထို့နောက် အင်္ကျီကိုသေချာ
ပြန်ပြု ပြင်၍ ဘုရားခန်းဘက်ထွက်ကာ ဘုရားရှိခိုးပြီး အောက်ထပ်သို့ဆင်းလာခဲ့​တော့သည်။

"ဒေါ်ဒေါ်"
ကိုစစ်လှမ်းခေါ်တော့ ထမင်းစားပွဲတွင်ထိုင်နေသော ဒေါ်နီနီက သူ့အားလှည့်ကြည့်ပြီး ပြုံးပြလာသည်။
ကိုစစ်လည်း ထမင်းစားပွဲရှိ လွတ်နေသော ထိုင်ခုံတွင်ဝင်ထိုင်ကာ

"ဒေါ်ဒေါ် နေကောင်းတယ်နော်?"

"ကောင်းပါ့ရှင် ! ကိုစစ်လေး ကျောင်းလာတက်မယ် ဆိုလို့ ဒေါ်ဒေါ်က ပျော်နေတာ"
"ဒေါ်ဒေါ့် အသိ အတန်းပိုင်ဆီမှာ အပ်ထားတယ် ကိုစစ် အခက်အခဲရှိတိုင်း ဒေါ်ဒေါ့်ကို
ပြောပေါ့ ဟုတ်ပြီလား"

ဒေါ်နီနီပြောပြီး မေနန်းပြင်ထားသော
ထမင်းကြော်နှင့် ပဲပြုတ်ကို ဇွန်းနှင့်​ခပ်​ပြီး တစ်​လုတ်​သွင်းလိုက်​သည်​။

"ဟုတ်ကဲ့ ဒေါ်ဒေါ် " ကိုစစ်ပြောပြီး ​​မိမိ​ရှေ့ ရှိထမင်းကိုသာ ခပ်​မြန်​မြန်​စားနေလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

"သားစစ် ဒေါ်ဒေါ်နဲ့လိုက်သွားနော် နောက်မှ မေနန်းတို့ ကျောင်းကားစီစဉ်ပေးမယ်"

နောက်ဖေးတွင် ပန်းကန်ဆေးပြီး ကိုစစ်ထွက်လာတော့ မေနန်းက ဖွားတော်ကိုဆေးတိုက်ရန်ပြင်ရင်းမှ လှမ်းပြောသည်။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now