Betrayed...

667 55 31
                                    

ရန်ကုန်မြို့ ၏ ညနေခင်းသည် လူသံ ကားသံများနှင့် လွန်စွာ ဆူညံလှသည်။

Taxi ပေါ်တွင် ထိုင်နေသော ကောင်းကြာဖြူ  သည်ပင် ရှည်လျားနေသော ကားတန်းကြီးကိုကြည့်ရင်း သက်ပြင်းချမိသည်။

~အလုပ်ကို ကြိုးစားနေပြီဗျို့။ လေယာဉ်ပျံကြီးစီးပြီး×××~

"ဟယ်လို ဇွဲ? "

"အင်း…ကြာဖြူ  မင်းဘယ်မှာလဲ?"

"အပြင်မှာ…ဘာလို့လဲ။ ဟင်.…ဇွဲ ပြန်ရောက်နေတာလား?""

ကြာဖြူ  မျက်လုံးအဝိုင်းသားနှင့် မေးမိသည်။

"ဟင်…မရောက်သေးပါဘူးဟ။ မင်း အိမ်ကို ပြန်လာခဲ့လို့ပြောမလ်ို့။ ငါ ပစ္စည်းတစ်ခု ပို့ထားတယ်။ လာကြည့်။"

"သြော်…ရှင်းရှင်းပြောလေ…။ အင်းပါ အခု ပြန်လာနေတာ။ "

"အေး…သေချာ သတိထားပြီးလည်း ပြန်နော်။ တစ်ခုခုဆို ငါ့ကိုဖုန်း…အဲ့ မင်းအဖေ ကိုဖုန်းဆက်"

"ဟင်? သြော် အင်းပါ။ ဇွဲ ကောပဲ ဂရုစိုက်။ ဒါပဲနော် ။"

ကြာဖြူ  ပြောရင်း ဖုန်းချလိုက်ကာ အဝေးတစ်နေရာကို မျှော်ငေးမိသည်။

အနည်းငယ် မှောင်ကျလာသော ညနေခင်းသည် သာယာလွမ်းမောဖွယ် ကောင်းနေဆဲ။

~Message Noti~

Messenger noti တက်လာ၍ သူမ ဖွင့်ကြည့်လိုက်သည်။

ဟင်! ဒါက?

" ဦးလေး အခုချက်ချင်း…xxxx club ကို မြန်မြန်လေး မောင်းပေးပါ။"

----

မီးရောင်တလက်လက်ဖြင့် ဆူညံသော နေရာတစ်ခုဆီသို့ စစ်မာန် ဝင်လာခဲ့သည်။

နေရာတိုင်းတွင် ပြိုးပြိုးပြက်ပြက် ဖြင့် လူအများ ကခုန် နေကြသည်။

အတိုအပြတ်များဖြင့် မိန်းမများ…တဏှာရစ်မူးနေသော ယောကျာ်းများ စသည်ဖြင့် အမျိုးအစား စုံလင်စွာပင် မြူးထူးနေကြသည်။

ထိုနေရာသည် ရန်ကုန်မြို့လယ်က ဘားတစ်ခု။
တော်ရုံဆို စစ်မာန် ဘား တို့ ဆိုင် တို့ကို ကြိုက်နှစ်သက်သည်မဟုတ်…
ဒီနေ့လို မကောင်းတဲ့ စိတ်အခြေအနေမှာ ယောကျာ်းလေးတိုင်းအတွက် ဖြေသာစရာမှာ ဒီတစ်ခုတော့ ရှိသည်မဟုတ်လား။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now