After...

678 84 19
                                    

စစ်မာန် ကျောင်းပြင်သို့ ထွက်လာရင်း ခပ်လှမ်းလှမ်းမှ ရေခဲမုန့် သည်ကိုတွေ့တော့ ကြာလေးအတွက် ဝယ်ပြီး ထွက်အလာကို စောင့်နေမိသည်။

ဒီနေ့ ကြာလေးနဲ့ တူတူပြန်ဖြစ်မည်ဆိုပြီး ငါးစက္ကန့်ခြား တစ်ခါပြုံးနေမိသော ကိုယ့်ကိုယ်ကိုယ် တောင် သတိမထားမိပေ။

သို့သော်ငြား တော်တော် ကြာ ကျောင်းသားတွေမရှိတော့တဲ့အထိ ကြာလေးအရိပ်အယောင်ကို မတွေ့ရသည်မို့ ကျောင်းထဲကို ပြန်ဝင်ပြီး ရှာရန်ဆုံးဖြတ်လိုက်သည်။

တစ်ကျောင်းလုံး ပတ်ရှာသည်အထိ မတွေ့သေး၍ စန္ဒိမာခန်းမဘက်သို့ သွားရာမှ တွေ့လိုက်ရသော မြင်ကွင်းကြောင့် လက်ထဲမှ ရေခဲမုန့်ပင် လွတ်ကျမိသည်။

"ကြာလေး!"

"ဟင်! ကိုမာန်!"

ကြာဖြူ ချက်ချင်းပင် အရှေ့က လူကို တွန်းထုတ်ကာ ကိုမာန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ကိုမာန်က မျက်ခုံးကြောများ ထိစပ်မတတ် တွန့်ချိုးကာ သူမတို့နား လျှောက်လာပြီး သူမကို လက်မှ ဆွဲကာနောက်ပို့လိုက်သည်။ ထို့နောက် ဟို ၉ တန်း အကိုအား စေ့စေ့ကြည့်နေလေသည်။

ကိုမာန့် မျက်နှာမှာ ချိန်ကိုက်ဗုံးတစ်ခုလို ပေါက်ကွဲလုဆဲဆဲ ဖြစ်နေ၍ ကြာဖြူ မဆီမဆိုင် ခေါင်းငုံ့မိလေသည်။

"မင်း ဘာလုပ်တာလဲ?"

အရှေ့ကတစ်ယောက်ကတော့ သူ့ထုံးစံအတိုင်း မထုံတတ်ထေးနှင့် ပခုံးတစ်ချက်တွန့်ပြသည်။

"မျက်လုံးမကောင်းဘူးလား?"

"ဘာကွ!?"

"အဟက်...tsk...tsk....ဒီမှာ မင်း ဘာတွေ တွေးနေမှန်းတော့ မသိပေမယ့် မင်းတွေးနေသလို မဟုတ်ဘူးလို့ဘဲ ငါဖြေရှင်းချင်တယ် ။ ... သွားပြီ!"

မီးဝင်းဝင်းတောက်နေသော မျက်ဝန်းနှင့် စစ်မာန်ကို ဂရုမစိုက်ဟန် ပခုံးကိုပင် လက်နဲ့ပုတ်ကာ ထွက်သွားသေးသည်။

အဲ့ဒါနှင့်မပြီးသေး ကြာဖြူ့ အနားတွင်ရပ်ပြီး

"ဟေ့ မင်း မနက်ဖြန် မုန့်စားဆင်းတာနဲ့ ဒီမှာဆုံမယ်နော်"

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now