Leave...or...was left

813 44 33
                                    

"ဆီ အပြည့်ဖြည့်မယ်။"

"ဇွဲ……"

မှန်တံခါးကို အသာချရင်း ဘေးက အရောင်းသမလေးအား ခက်ဇွဲထိုက်ပြောလိုက်သည်။

"ဇွဲ……"

ခက်ဇွဲထိုက် တမင်ပင် မသိချင်ယောင်ဆောင်ကာ လာပေးသော ဘောင်ချာအား ယူလိုက်သည်။

"ဇွဲ လို့"

ကျသင့်ငွေ အား ရှင်းရင်း ပိုက်ဆံအိတ်ကို နောက်ခုံထဲ ပစ်ထည့်လိုက်ကာ ကားစက်နှိုးလိုက်သည်။

"ကိုခက်ဇွဲထိုက်!"

တစ်လုံးချင်းစီဝင်သွားသော စကားလုံးတိုင်းသည် ကိုယ့်နာမည်ဖြစ်သော်ငြား နားဝင်တော့ ဆိုးလှသည်။

"ဒါ ဘယ်သွားမလို့လဲ? "

ခက်ဇွဲထိုက် သူမ အားမျက်လုံးတစ်ချက် စွေကြည့်ကာ ထေ့ပြုံးလိုက်သည်။

"ခန့်မှန်းကြည့်လေ…ကားကိုလည်း ဆိီအပြည့်ထည့်ထားတယ်။ အိမ်ပြန်လမ်း မဟုတ်ဘဲ မြို့ပြင်ကို ဦးတည်နေတယ်ဆိုကတည်းက မင်းတစ်ခုခုတော့ တွေးမိမှာပေါ့"

"ဘာ?? ဇွဲ……မဟုတ်ဘူးနော်။ ညီမ ထင်သလိုမဟုတ်ဘူးမလား"

"အေး. ငါမင်းကို ခိုးပြေးလာတာ"

"ရှင်?!"

~Phone Vibrating~

ခဏတာ တိတ်ဆိတ်သွားသော ကားပေါ်တွင် ခက်ဇွဲထိုက်  ဖုန်းမှ တုန်ခါသံသည်ပင် ကျယ်လောင်လှသည်။

ဖုန်းကို ဘောင်းဘီ အိတ်ထဲက ထုတ်ရင်း စောင်းငဲ့ကြည့်တော့ ဦးလေး နဲ့ အန်တီ ဟူသော contact name အပြင် ထပ်ခါထပ်ခါ ခေါ်ဆိုထားသော နံပါတ်စိမ်း တစ်ခု။

"မေမေတို့ မလား? "

ခက်ဇွဲထိုက် ဖုန်းကို စက်ပိတ်ထားလိုက်ရင်း အရှေ့သို့ ပစ်တင်လိုက်သည်။

ဘေးခုံပေါ်က ကောင်မလေးက စိတ်ပျက်ဟန် ဆံပင်ကို သပ်တင်ရင်း ကျွတ်ခနဲ စုတ်သပ်လိုက်သည်။

"ဇွဲ… တကယ်ပဲ ဒီလိုတွေ လုပ်မှဖြစ်မှာလား? ညီမ လည်း တကယ်စိတ်ကုန်နေပြီ။ ဘာလို့ ဇွဲ က ညီမ မသိတဲ့ လူတစ်ယောက်လို ပြောင်းလဲသွားခဲ့ရတာလဲ?"

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now