Reborn...

651 61 51
                                    

"ပြန်မအမ်းနဲ့တော့ ဦးလေး!"

အရှေ့က Taxi ဆရာအား ပိုက်ဆံအချို့ ထိုးပေးခဲ့ရင်း ဆေးရုံအတွင်း ခက်ဇွဲထိုက်တစ်ယောက် ပြေးဝင်လာမိသည်။

ဝင်ဝင်ချင်း တွေ့ လိုက်ရသည်က ကျက်သရေမရှိတဲ့ မျက်နှာ!

ကို စစ်မာန်ရှိုင်းက ဆေးရုံ counter ရှေ့ တွင် ခေါင်းငိုက်စိုက်ချကာ ထိုင်နေရင်း မျက်နှာကလည်း တော်တော်ကို မှိုင်းညှို့နေသည်။

သူ့အားကျော်ကာ အထဲသို့ဝင်မည် လုပ်တော့ သူက ခက်ဇွဲထိုက် လက်မောင်းအား ဖြတ်ခနဲ လှမ်းဆွဲလာသည်။

သူ့မျက်လုံးများကလည်း အံ့သြမှုများအပြည့်...

"မင်း ဘာလာလုပ်တာလဲ?"

သိပ်အလိုမကျတဲ့ မျက်နှာထားနှင့် အသံကြောင့် ခက်ဇွဲထိုက် စူးခနဲ စိုက်ကြည့်လိုက်သည်။

"အဲ့ဒါ ကျွန်တော့်ကိစ္စပါ။ ခင်ဗျား အသာဖယ်နေ!"

ခက်ဇွဲထိုက် ပြောရင်း လက်ကို ရုန်းလိုက်သည်။

"ဟင့်အင်း။ ငါမင်းကို သွားခွင့်မပေးနိုင်ဘူး။"

"ဘာ? နေပါဦး ။ မင်းက များ ငါ့ကို လာတားနေတယ်။ မင်းက ဘာတွေများ အသုံးကျဖူးလို့လဲ? "

အကြီးတွေ ဘာတွေ ဂရုမစိုက်နိုင် ခက်ဇွဲထိုက် မင်း တွေ ငါ တွေ ကိုင်သုံးမိသည်။

ခေါင်းငုံ့သွားတဲ့ စစ်မာန်ရှိုင်း ကို စိတ်ရှိလက်ရှိ ထိုးလိုက်ရရင်တော့ သေဦးမယ်။

"ကြာလေး က အခု ခတ် နဲ့ စကားပြောနေတယ်။ နောက်မှ မင်း ငါနဲ့တူတူလိုက်ခဲ့"

"အဲ့လောက်ထိ မစောင့်နိုင်ဘူး! ကျွန်တော် ခုချက်ချင်း သွားမှာ။ ကောင်းကြာဖြူ လုံးဝ မူမမှန်ဘူး!"

အလောတကြီး ပြောလိုက်သော ခက်ဇွဲထိုက်အား စစ်မာန် မေးခွန်းများစွာနှင့် မော့ကြည့်မိသည်။

"ကဲ ဖယ်ဗျာ "

စိတ်မရှည်သော ခက်ဇွဲထိုက် စစ်မာန်ကို တွန်းရင်း ထွက်ရန်ပြင်သည်။

"ကြာလေးက ဘာကို မူမမှန်တာလဲ? "

"ကျစ်~ ဒီမှာ ကျွန်တော့ကို ပို့ထားတဲ့ Message..."

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now