...Feelings...

788 84 10
                                    

တိတ်ဆိတ်လှသော ညချမ်းတွင် ခြံဝင်းကျယ်ကြီး အတွင်းရှိ နှစ်ထပ်အိမ်လေးတစ်လုံးက ငြိမ်သက်လျက်ရှိသည်။

ထိုစဉ် ယင်း တိတ်ဆိတ်မှုအားဖြိုခွင်းလိုက်သော နှာချေသံ တစ်သံက အိမ်အောက်ထပ်မှနေ၍ အနီးနား တစ်ဝိုက်သို့ ရုတ်ချည်းပျံ့နှံ့သွားသည်။

"ဟပ်ချိုး!"

ကြားလိုက်ရသော နှာချေသံကြောင့် စာကုန်းရေးနေရာမှ ကြာဖြူ မျက်လုံးတစ်ချက်လှန်ကြည့်လိုက်သည်။

ကိုမာန်က နှာခေါင်းကို တစ်ချက် ရှုံ့ကာ အရှေ့ရှိ စာအုပ်ထဲမှ ပုဒ်စာကို ကြိုးစား ပန်းစား တွက်နေလေသည်။

"ဟပ်ချီး ဟပ်ချီး ဟပ်ချီး အဟမ်း ".

"ကိုမာန် အဆင်ပြေရဲ့လား?"

ကြာဖြူ ဘောပင်ကို ချကာ ရှေ့တွင် ထိုင်နေသော အကို့ကို မေးလိုက်သည်။

"ဟပ်ချိ ! ရတယ် ကြာလေး နည်းနည်းလေး နှာစေးတာ ဘာမှ မဖြစ်ဘူး "

ရတယ် သာပြောပြီး နှာချေမရပ်သော အရှေ့က ထိုလူသားအားကြည့်ပြီး ကြာဖြူ သက်ပြင်းမောကို သာ ချမိသည်။

"ဘယ်လိုဖြစ်လို့ နှာစေးနေတာလဲ ကိုမာန်ရယ် စာမေးပွဲနီးတော့မှ "

သူပြောတော့ ကိုမာန်က နှာခေါင်းကို တစ်ချက်ပွတ်ပြီး

"အကို နေ့လည်က ကျောင်းကပြန်ပြန်ချင်း ရေချိုးလိုက်လို့ အပူရှပ်သွားတာ နေမယ်... ဒါမျိုးက ဖြစ်နေကြပါ ရတယ် "

ပြောပြီး စာကို ကုန်းရေးနေပြန်လေသည်။

"ဆေးကော သောက်ပြီးပြီလား?"

"အဟမ်း!"

သူမေးတာကို တမင် မကြားဟန်ဆောင်ပြီး စာကို သာရေးနေသော အကို့ကိုကြည့်ကာ ကြာဖြူ သိပ်မကြည်တော့ပေ...

"ကိုမာန်!"

"ဟီး မသောက်ရသေးဘူး ကြာလေးရဲ့ အကိုပြီးရင် သွားသောက်လိုက်မယ် "

သွားစွယ်ချွန်လေးတွေ ပေါ်အောင် ပြုံးနေသော်လည်း မသနားနိုင်.. ဆေးဝင်အောင်တော့ တိုက်ရမည်မို့ ကြာဖြူ ချက်ချင်းထကာ  အန်တီ နန်းဆီ သွားလိုက်သည်။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now