အမှား??

678 73 11
                                    

မနက်ခင်းနေရောင်ခြည်က အခန်းလေးထဲ ခေါင်းပြူ ကြည့်တော့ စစ်မာန် အပျင်းကြောဆန့်ရင်း နိုးလာခဲ့သည်။

နှိုးစက်နာရီကလည်း ၅ နာရီခွဲ အချိန်ကိုက်ပင် တတီတီ မြည်လာသည်။

နာရီကို ပိတ်ပြီး အိပ်ချင်နေသော မျက်လုံးနှစ်လုံးကိုပွတ်ရင်း မျက်နှာချင်းဆိုင်ဖြစ်သော ကြာလေး အခန်းပြတင်းပေါက်အား ကြည့်လိုက်သည်။

မနေ့က သေချာပေါက် အဆူခံထိမှာဆိုတော့ ဘယ်လောက်တောင် ဝမ်းနည်းနေရှာမလဲ...

ဒီနေ့တော့ သေချာ ကြာလေး အခန်းကို သွားကြည့်မှကို ဖြစ်မှာ...

စစ်မာန် သက်ပြင်းချရင်း သဘက်ဆွဲကာ ရေချိုးခန်းဆီ ဦးတည်လိုက်သည်။

•÷•÷•÷•÷•

အဠမတန်း ( က ) အခန်းသည် အတန်းပိုင်ဆရာမ အချိန်မို့လားမသိ ငြိမ်သက်တိတ်ဆိတ်လှသည်။

တီချယ် ဒေါ်နီနီက ၁၀ မိနစ်အလိုလောက်တွင် စာသင်တာကို လက်စသတ်လိုက်သည်။

"ဒီနေ့ Report Card ( ရီပို့ကဒ် ) ဝေမယ် နော်။ မနက်ဖြန် မိဘလက်မှတ်ထိုးပြီး ပြန်ယူခဲ့ကြမယ်။ မပါရင် ရိုက်ခံထိမယ်နော်။"

"ဟုတ်ကဲ့ပါ တီချယ်။"

"အေး။ မော်နီတာ (အတန်းခေါင်းဆောင်) ရေ ကဒ်တွေ ဝေလိုက်တော့။ ဒီလ အမှတ်တွေကောင်းလာကြတယ်။ အားလုံးပဲ ဆက်ကြိုးစားကြနော်။"

"ဟုတ်ကဲ့ "

တီချယ်နီနီက ပြောပြီးတာနဲ့ စာအုပ်အခ်ျို့ကိုပိုက်ကာ အခန်းထဲမှ ထွက်သွားသည်။

"ကောင်းကြာဖြူ report card ရပြီ။!"

တီချယ်ထွက်ထွက်ချင်း မှောက်အိပ်နေသော ကြာဖြူ့ အား အတန်းခေါင်းဆောင်မှ ပခုံးတို့ရင်း ပြောလိုက်သည်။

ကြာဖြူ ကဒ်ကို ကြည့်လိုက်ပြီး အံ့သြမှုကြောင့် မျက်ခုံးပင့်သွားသည်။ နှုတ်ခမ်းတွင်လည်း အပြုံး တစ်ခုက တွဲခိုလျက်~~

ကဒ် ထဲတွင် ဘာသာခြောက်ခုလုံး၌ A များသတ်မှတ်ထားပြီး ထိုကဒ်က သူမ ကဒ်တဲ့လေ။

ကြာဖြူ လှိုက်ခနဲ ပျော်သွားပြီး ခုံပေါ်က ချက်ချင်း မတ်တပ်ထရပ်မိသည်။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now