မခေါ်ပါဘဲ ဝင်လာခဲ့ပြီး
မတောင်းဆိုခဲ့တဲ့ ဂရုစိုက်မှုတွေကို ပေးခဲ့တယ်နော်
အထပ်ထပ် ချည်နှောင်မိမှ
မရည်ရွယ်ပါဘူးတဲ့လား......ရင်ကို ဓားနဲ့စိုက်ပြီး သွေးစိမ်းရှင်ရှင်ထွက်တာကမှ
အဲ့စကားတစ်ခွန်းထက် ခံသာလိမ့်ဦးမယ်~မရှိတဲ့သူက ပိုလောဘတက်တယ်တဲ့။
သိပ်မှန်တာပဲ ။ အခု ကိုမာန့်ကို လက်မလွှတ်ချင်လောက်အောင်ထိ ကြာလေး စွဲလန်းနေမိပြီ**---(----(----(---->
{သီတင်းကျွတ် လပြည့်နေ့ကတည်းက ရေးပြီးတင်ချင်ခဲ့တဲ့ scene အခ်ျို့ပါ။ တန်ဆောင်မုန်း ရောက်တော့မှ တင်ဖြစ်တော့တယ် :D ။ ကဲ Kyal နဲ့ အတူတူ သီတင်းကျွတ်လပြည့်နေ့ကို အတူတူ စီးမျောကြပါဦးလို့ ;-) }
သီတင်းကျွတ်လပြည့်နေ့......
"ဖိုးဖိုးဖွားဖွား တို့်အပေါ် ကာယကံ ဝစီကံ မနောကံ သုံးပါးတို့ဖြင့် ပစ်မှားမိသည်ရှိသော် ခွင့်လွှတ်ပေးပါရန် တောင်းပန်ကန်တော့အပ်ပါတယ် "
တစ်ညီတည်းထွက်လာသောအသံနှင့်အတူ ကောင်းကြာဖြူ အပါအဝင် ညီအကိုမောင်နှမတစ်သိုက် ဦးချကန်တော့ကြလေသည်။
အဖိုးအဖွားတို့က ဆုမွန်ကောင်းများ ပေးအပ်ပြီးနောက် မိသားစု စုံစုံညီညီ စကားပြောနေကြလေသည်။
"ထက်ထက် ကော ကျောင်းမှာစာလိုက်နိုင်ရဲ့ လား။ ငါ့မြေးကြီးက အတော်ဆုံးပါ"
" ဟုတ် ဖွားဖွား သမီးက ဒီနှစ် Credit နဲ့အောင်တာ"
ွှထက်ထက်ဟုခေါ်သော ကြာဖြူ့ တစ်ဝမ်းကွဲအမက ဂုဏ်ယူနေသော အပြုံးနှင့်ပြောလေသည်။
"မင်းခန့်က လူရည်ချွန် ဖြေမလို့တဲ့ အမေရဲ့ ။ "
"ဟေ! ဟုတ်လား ။ ငါ့မြေးလေး တော်တယ် တော်တယ်။ "
ဦးလေး အဒေါ်တို့က သူတို့၏ သားသမီး အကြီးဆုံးတွေကို ကြွားနေသော်လည်း ကြာဖြူ့ မိဘတွေမှာတော့ တိတ်ဆိတ်လျက်သာ။
ကြာဖြူ့ ကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ် သိမ်ငယ်သလို စိတ်ပျက်သလို ရှက်သလိုနှင့် နေရတာ အသက်ရှူ ကြပ်လှလေသည်။
YOU ARE READING
လရောင်ဆမ်းမှ ပွင့်တဲ့ပန်း
Randomလရောင်ဆမ်းမှ ဖူးပွင့်ရတဲ့ ကြာပန်းလေးဟာ ကန်ပေါ်မှာ မထင်မရှားပေါ်နေတဲ့ လရိပ်လေးကိုကြည့်ပြီး လမင်းကြီးဟာ သူမအတွက်ပဲလို့ သတ်မှတ်ထားလေရဲ့........... ဒါဆိုလမင်းကြီးကကော? ဘေးကတောက်ပလှတဲ့ အမျိုးစုံကြယ်ပွင့်တွေထက် ရေပြင်ထက်က သူ့က...