"တီ တီ တီ တီ တီ.......တီ!!!!!!"
အပြင်မှ တ တီတီ ဟွန်းတီးသံကြောင့် ကြာဖြူ စိတ်မရှည်တော့ပဲ ဟိုလှိမ့် ဒီလှိမ့်လုပ်ကာ အခန်းအပြင်သို့ အိပ်မှုန်စုံပွားနှင့်ထွက်လာသည်။
*ဘယ်က ဟာတွေက မနက်အစောကြီးကို ဟွန်းလာတီးနေရတာလဲ*
ထွက်ထွက်ချင်း သူ့လိုပင် မျက်နှာချင်းဆိုင်အခန်းက လူတစ်ယောက် ထွက်လာတာတော့ တွေ့သည်။
မျက်လုံးက ကောင်းကောင်း မပွင့်သောကြောင့် ဘယ်သူမှန်းသေချာ မခန့်မှန်းနိုင် ၊ တစ်ချက်သာ ကြည့်ပြီး ဝရံတာဘက်သို့ လေးပင်သော ခြေလှမ်းများကို ဦးတည်လိုက်သည်။
ခြေလှမ်းတစ်လှမ်းချင်းစီ စိတ်မပါလက်မပါ လှမ်းပြီး ပါးစပ်ကို လက်နှင့်အုပ်၍ တစ်ချက်သမ်းဝေကာ ဝရံတာမှ အောက်သို့ လှမ်းကြည့်လိုက်သည်။
အခုထိ ကောင်းကောင်း မပွင့်သေးတဲ့ မျက်လုံးကို လက်နှစ်ဖက် နှင့် ပွတ်ကာ အတင်းပြူးပြဲကြည့်တော့မှ မြင်ကွင်းထဲသို့ ကားအဖြူရောင်လေး ဝင်လာသည်။. တဖြည်းဖြည်း အမြင်တွေ ကြည်လာကာမှ ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတာက သူမတို့ကျောင်းကား!!!!!!!!
* မြတ်စွာဘုရား သူကျောင်းကားကို မေ့ပြီး အသေ အိပ်ပျော်နေတာ!!!!*
ကြာဖြူ ၏ ခုနက လေးပင်နေသော မျက်ခွံတို့က လန့်ဖြန့်ပြီး ချက်ချင်းပြူးကျယ် ဝိုင်းစက်လာလေသည်။
ကြာဖြူ ချက်ချင်းပင် အနောက်ပြန်လှည့်လိုက်တော့ ဦးခေါင်းကို ခပ်တောင့်တောင့် အရာတစ်ခုနှင့် ဝင်ဆောင့်မိပြန်သည်။ သိလို ဇော နှင့်အမြန်မော့ ကြည့်လိုက်တော့ ဟိုထောင် ဒီထွက်နေသော ဆံပင် စုတ်ဖွားနှင့် အကို့ကိုတွေ့လိုက်သည်။
အိပ်မက်ယောင်ပြီး လမ်းထလျှောက်တာ များလားမသိ သူ့မျက်လုံးတွေက ငိုက်တိုက်တိုက်နှင့်ပင်။
YOU ARE READING
လရောင်ဆမ်းမှ ပွင့်တဲ့ပန်း
Randomလရောင်ဆမ်းမှ ဖူးပွင့်ရတဲ့ ကြာပန်းလေးဟာ ကန်ပေါ်မှာ မထင်မရှားပေါ်နေတဲ့ လရိပ်လေးကိုကြည့်ပြီး လမင်းကြီးဟာ သူမအတွက်ပဲလို့ သတ်မှတ်ထားလေရဲ့........... ဒါဆိုလမင်းကြီးကကော? ဘေးကတောက်ပလှတဲ့ အမျိုးစုံကြယ်ပွင့်တွေထက် ရေပြင်ထက်က သူ့က...