loss......

642 68 14
                                    

{Background music}
-အလင်းရောင် by လေးဖြူ -

ပုစွန်ဆီရောင် ညနေဆည်းဆာကြီးက လှလိုက်တာ...
ဟိုတစ်စ ဒီတစ်စ လွင့်ပျံနေတဲ့ တိမ်တိုက်လေးတွေလည်း လှတယ်...
လှုပ်ရှားနေတဲ့ သစ်ရွက်စိမ်းလေးတွေကလည်း ချစ်ဖို့ကောင်းတယ်...

နောက်ပြီး ဟောဒီဝဲဘက် တစ်နေရာမှာ တည်ရှိနေတဲ့ ကိုမာန် ရဲ့ ရယ်မောဟန်လေးကလည်း လှတယ်...။

ဆစ်ခနဲ နာကျင်မှုနောက် ဖြာထွက်လာတဲ့ သွေးနီနီ တွေက နှင်းဆီပန်းခင်းကြီးလို လှလိုက်တာ......

တတောက်တောက် ကျနေတဲ့ သွေးစက်တွေက တေးသွားတစ်ပုဒ်လိုပဲ နားဝင်ချိုနေပြန်ရော။

လွတ်လပ်သွားတဲ့ စိတ်အစဉ်မှာ ဝင်ရောက်အစားထိုးလာသည်က သူတ့ို နှစ်ယောက်လုံး ရယ်မောပျော်ရွှင်နေတဲ့ပုံတွေပါလား။

ဟင့်အင်း ။ ဒါဆို မလုံလောက်သေးဘူး ။

တဆတ်ဆတ် တုန်နေတဲ့ လက်တွေက နောက်တစ်ဖန် နာကျင်ခြင်းဆီသို့~~~

ထပ်ခါ ထပ်ခါ မမောသေးသ၍
တခြစ်ခြင်း...တစ်ရစ်ခြင်း......

အသက်မဲ့သလို သူမ မျက်ဝန်းတွေက သွေးချင်းချင်းရဲ နေတဲ့ ဘယ်ဘက်လက်ဖျံ ကို တစိုက်မတ်မတ် ကြည့်နေဆဲ။

အရာအားလုံး မရှိတော့သလို...
တိတ်ဆိတ်သွားသလို...
သူမ ရဲ့ ပျော်ရွှင်ဖွယ် နိဗ္ဗာန်ဘုံလေးက
သာယာခြင်း အတိပြီးပြန်သည်။......

ဒါပေမယ့် အမှောင်ထုထဲက တစ်စုံတစ်ရာက လက်ယပ်ခေါ်နေတယ်...

အထီးကျန်ခြင်းတွေ မရှိဘူး။
ကြောက်ရွံ့ ခြင်းတွေ မရှိဘူး။
မျှော်လင့်တောင့်တခြင်းတွေ မရှိဘူး။
သည်းခံခြင်းတွေ မရှိဘူး။
မျက်ရည်တွေ မရှိဘူး။
အဲ့နေရာက အင်မတန် အေးချမ်းတယ်......

ပင်ပန်းဆင်းရဲ မှုတွေ ကနေ ထွက်လာခဲ့ပါတဲ့။

သွေးတွေတစိမ့်စိမ့် မရပ်မနား ထွက်လာတဲ့ လက်ကို ကြည့်ရင်း သူမ ပြုံးမိသည်။

နာလွန်းလို့ ထုံတယ်ပဲဆိုရမလား...ဘယ်လိုမှလည်း မခံစားမိ။

နောက်တစ်ချက် ခြစ်ချလိုက်တော့ သွေးရဲရဲ တွေက ကြမ်းခင်းပေါ်က ခြောက်နေတဲ့သွေးတွေပေါ် ထပ်မံဖြည့်တင်းသွားသည်။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now