How we met

1K 83 8
                                    

ကိုစစ်​အတွက် ကျောင်းတက်ချိန်တိုင်း
သည် ပျော်ဖို့ကောင်းလှသည်။ ဘုန်းသစ်
နှင့် ရှိန်းသူတို့မှာ သူ့အား ဖော်ဖော်ရွေရွေ
ဆက်ဆံကြပြီး အကူအညီလိုတိုင်း ကူညီ
ပေးကြသည်။ တဖြည်းဖြည်းနှင့် သူဒီမှာ နေသားကျလာသည်လို့တော့ ထင်မိသည်။

"စစ်မာန် ရေ ဟေ့ကောင်"

ဘေးမှ ဘုန်းသစ်၏ ခေါ်သံကြောင့် သူလှည့်တော့ ဘုန်းသစ်က ရေသန့်​ဘူး
ကြီးအား လက်နှစ်ဖက်နှင့်ကိုင်ပြီး မြှောက်ပြသည်။

"ဘာလဲကွ"

ကိုစစ် နားမလည်ဟန်​နှင့်​​ ပြန်မေးလိုက်
တော့ ထိုလဒက အ ရန်ကော ဟူသည့်အကြည့်နှင့် ကြည့်ပြီး

"ရေသွားထည့်မလို့ဟ ဒီနေ့ငါတို့
အသင်းလေ အဲ့ဒါ မင်းလိုက်ခဲ့"

"ရှိန်း​ခေတ်​​ကော"

သူမေးတော့

"ရေဘူးက ရှစ်တန်းထပ် ကအပြည့်ဖြည့်ပြီး သယ်လာရမှာ အဲ့ကောင်ပုံစံ နဲ့ဘယ်ဖြစ်ပါ့မလဲ"
"မင်းလိုက်ခဲ့ကွာ တစ်ယောက်တစ်ဝက်စီသယ်မယ်"

ထမဆွဲရုံတမယ် ခေါ်နေသဖြင့် ကိုစစ်
ခေါင်းငြိတ်ပြီး ပုဆိုးတစ်ချက်ပြင်ဝတ်ကာ အနောက်လှေကားမှ နှစ်ယောက်သားဆင်းလာခဲ့သည်။

ရေစင် မှာ ရှစ်တန်း (A) မျက်စောင်းထိုးနားတွင်ရှိပြီး ကော်ရစ်ဒါနှင့် ​ဘေးတွင်​တည်​ရှိ
လေသည်။ ကျောင်းမတက်သေး၍ ​ရေလာခပ်​​နေ​သော ကျောင်းသား အချို့ ကိုလည်း ​တွေ့ရသည်။ သူတို့ ခဏစောင့်ပြီး အလှည့်ရောက်သော် ရေဖြည့်ကြသည်။

ကိုစစ်က ကိုးတန်း အထပ်ထိ မ ပေးမည်ဟုဆိုကာ ထို ရေဘူးအား 'မ' လိုက်လေသည်။ သို့သော် 'မ' လေ့ ' မ' ထ မရှိ
သည်က တစ်ကြောင်း လက်က ရေ များနှင့်ချောနေသည်က တစ်ကြောင်း အဆိုးဆုံးက ​ဘေးတ​စောင်း ရပ်​ထား​သောသူ့ကိုအရှိန်​ ပြင်းပြင်းနှင့်​ ဝင့်​​ဆောင့်​ခံရသည်​တို့​ကြောင့်

"ဘုန်းးး"

သူလှည့်​ကြည့်​လိုက်​​တော့ ​သူတို့နား ကော်​ရစ်​ဒါတစ်​ဝိုက်​​တွေ ​ရေများရွှဲ​နေ​လေသည်​။
မျက်​လုံးကို အ​ပေါ်လှန်​ကြည့်​မိ​တော့ ​၈ တန်း A မှကောင်​မ​လေးတစ်​​ယောက်​ အတန်းထဲကို
နောက်​ပြန်​ကြည့်​ပြီး စကားလှည့်​​ပြောကာ အ​ရှေ့ကိုလှမ်းလာခြင်း။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now