"ညောင်းနေပြီလား တွက်ရတာ?"
ခပ်အေးအေးထွက်လာသော အသံကြောင့် ကြာဖြူ လက်ဆစ်တွေ အားပါးတရချိုးနေရင်းမှ ဆိုဖာပေါ်တွင် စာအုပ်ဖတ်နေသော ထိုအစ်ကိုအား လှည့်ကြည့်ပြီးပြုံးပြလိုက်သည်.....
စစ်မာန်လည်း သူတွက်ခိုင်းထားတဲ့ အပုဒ်တွေတော်တော် များတာကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် ထိုကောင်မလေး ကြိုက်လောက်မယ်ထင်သော နေရာကို ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ကာ
"လာ အကိုနဲ့လိုက်ခဲ့"
ပြော ပြီးဆိုဖာပေါ်ကထလိုက်တာကြောင့် ကြာဖြူ့မှာ အူကြောင်ကြောင်နဲ့ အနောက်မှ ထလိုက်သွားရသည်။ အိမ်ရှိ လူကြီးတွေကလည်း အိပ်ပျော်နေကြပြီး သူတို့နှစ်ယောက်တည်း ဧည့်ခန်းထဲတွင် စာလုပ်ရန် ကျန်နေခဲ့ခြင်းဖြစ်သည်။တိုင်ကပ်နာရီကိုကြည့်လိုက်တော့ ည ၁၁ နာရီအတိ!!
*ခုန သင်္ချာတွက်တုန်းက တက်ကြွနေသော စိတ်က ခုမှ ငိုက်ချင်လာသလိုလို...*
အနောက်မှ ခပ်ခွာခွာလိုက်သွားရင်းမှ စစ်မာန်က နောက်ဖေး ဝရန်တာဘက် ထွက်သွားကာ ခေါင်မိုးထပ်သို့ လှေကားကျဉ်းကျဉ်းလေးမှ တစ်ဆင့်တက်သွားလေသည်။
ကြာဖြူသာ အဲ့မှောင်မှောင်မဲမဲကြီးကိုကြည့်ပြီး လိုက်ပဲတက်ရလိုလို၊ အောက်မှာပဲ ရပ်ကြည့်ရတော့ မလိုလိုနှင့် တစ်ယောက်တည်း ဝေခွဲမရဖြစ်ကျန်ခဲ့လေသည်။*သူကလည်း လိုက်ခဲ့လို့သာပြောပီး တစ်လျှောက်လုံး တစ်ချက်မှ လှည့်မကြည့်။ခုလည်း အပေါ်ကို ဘာမပြောညာမပြောနဲ့တက်သွားတော့ ဒီကလူက သူများအိမ်ထဲက အဲ့မှောင်မှောင်မဲမဲ နေရာကြီးကို ဘုရားစာရွတ်ပြီးလိုက်တက်ရမှာလား? .......ကိုယ့်လောက်အမှောင်ကြောက်တာ ကိုယ်ပဲရှိတယ်..*
အနောက်မှ ခြေသံမကြားရတော့လို့ လှည့်ကြည့်လိုက်တော့ ဟိုကောင်မလေးက သူ့နောက်မှ မပါလာပေ...စစ်မာန်အဲ့တော့မှ ထိုကောင်မလေး အမှောင်ကြောက်သည်ကို သတိရသွားကာ အောက်နှစ်ဆင့်လောက် ပြန်ဆင်းလိုက်သည်။ ထို့နောက် ကိုယ်တစ်ခြမ်း စောင်းလှည့်ကြည့်ပြီး ညာဘက်လက်ကို ကမ်းကာ ပြောလိုက်သည်။
YOU ARE READING
လရောင်ဆမ်းမှ ပွင့်တဲ့ပန်း
Randomလရောင်ဆမ်းမှ ဖူးပွင့်ရတဲ့ ကြာပန်းလေးဟာ ကန်ပေါ်မှာ မထင်မရှားပေါ်နေတဲ့ လရိပ်လေးကိုကြည့်ပြီး လမင်းကြီးဟာ သူမအတွက်ပဲလို့ သတ်မှတ်ထားလေရဲ့........... ဒါဆိုလမင်းကြီးကကော? ဘေးကတောက်ပလှတဲ့ အမျိုးစုံကြယ်ပွင့်တွေထက် ရေပြင်ထက်က သူ့က...