တစ်လမ်းလုံး သီချင်းသံတွေနဲ့ ဆူညံလာသော light truck ကားလေးသည် နှစ်ထပ်တိုက်ပုလေးအရှေ့တွင် တုံ့ခနဲ ရပ်သွားသည်။
"ခက်ဇွဲထိုက် အိမ်ရောက်ပြီ !"
ဘေးက ကျောင်းကားမောင်းတဲ့ ဦးလေးကြီးက လှမ်းအော်လိုက်သောကြောင့် နားကြပ်တပ်ပြီး မှေးနေသော ခက်ဇွဲ ဖျတ်ခနဲ မျက်လုံး ပွင့်သွားသည်။
ထို့နောက် လွယ်အိတ်ကို လွယ်ကာ ကားတံခါးကို ဆောင့်ပိတ်ပြီး ခြံထဲသို့ တစ်လှမ်းချင်းဝင်သွားသည်။
မည်သူမှ မရှိသော အိမ်ထဲတွင် ရေခဲသေတ္တာမှ ရေတစ်ဘူးယူသောက်ပြီး မိမိအခန်းဆီသို့ ဦးတည်လိုက်သည်။
အခန်းတံခါးဖွင့်ပြီး လွယ်အိတ်ကို စာကြည့်စားပွဲပေါ်မှာတင်လိုက်တော့ စားပွဲပေါ်က ဝက်ပုံ ကလစ်လေးက ပြုံးပြနေသည်။
ခက်ဇွဲထိုက် ပြုံးလိုက်ပြီး ထိုကလစ်လေးကိုကိုင်ကာ ကလစ်ပိုင်ရှင်လေးအတွက် သီးသန့်ထား,ထားသော အံဆွဲကို ဖွင့်လိုက်သည်။
ဖွင့်ဖွင့်ချင်း ထွက်လာတဲ့ ဓာတ်ပုံအချို့ကို ယူပြီး ကောက်ကိုင်ကာ ကုတင်ပေါ်လှဲချ လိုက်သည်။
ဓာတ်ပုံတွေက အများကြီးပေမယ့် ကောင်မလေးကတော့ တစ်ယောက်တည်းသာ ။ ထိုကောင်မလေး၏ လှုပ်ရှားမှု အစုံကို အမိအရ ရိုက်ယူထားသော ဓာတ်ပုံများသာဖြစ်သည်။
နည်းနည်း ဟောင်းနွမ်းနေတဲ့ ဓာတ်ပုံထဲတွင် ကောင်မလေးက အိပ်ငိုက်ရင်း သူတို့ကား အရှေ့ခန်းကို ပါးတစ်ခြမ်းကပ်ပြီး အိပ်ပျော်နေခဲ့လေသည်။
ထိုအချိန်မှစသည်ထင်သည်။ ခက်ဇွဲထိုက်၏ ရင်ထဲတွင် တဖြည်းဖြည်း နေရာယူလာသော ကောင်မလေး...
ပါးဖောင်းဖောင်းလေးနှင့် စကားပြောလိုက်ရင် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် အရမ်းချစ်ဖို့ကောင်းတဲ့ ကောင်မလေး...
တကယ်တော့ သူနဲ့ ထိုကောင်မလေး သိတောင်မသိကြ ။ သူက ထ - ၂ က သူမက ထ - ၁ က ...ကျောင်းကား တူ၍ အခုလိုတွေ့ ရခြင်းသာ။
အရှေ့ခန်းတွင် အမြဲထိုင်သော ခက်ဇွဲထိုက်တစ်ယောက် အနောက်နားတွင်သာ နေရာ အမြဲရသော ထိုပါးဖောင်းဖောင်းနဲ့ ကောင်မလေးကို သတိထားမိသည်မှာတော့ မဆန်းပေ။
YOU ARE READING
လရောင်ဆမ်းမှ ပွင့်တဲ့ပန်း
Randomလရောင်ဆမ်းမှ ဖူးပွင့်ရတဲ့ ကြာပန်းလေးဟာ ကန်ပေါ်မှာ မထင်မရှားပေါ်နေတဲ့ လရိပ်လေးကိုကြည့်ပြီး လမင်းကြီးဟာ သူမအတွက်ပဲလို့ သတ်မှတ်ထားလေရဲ့........... ဒါဆိုလမင်းကြီးကကော? ဘေးကတောက်ပလှတဲ့ အမျိုးစုံကြယ်ပွင့်တွေထက် ရေပြင်ထက်က သူ့က...