Yours Reality

718 48 20
                                    

~ဂျလောက်~

သော့ခတ်ထားခဲ့သော အခန်းလေးသည် အသံပေးကာ အသာပွင့်သွားပြီး ခုံပေါ်တွင် ကြိုးတုပ်ခံရသော စစ်မာန်ရှိုင်းက စူးရဲစွာ စိုက်ကြည့်လာသည်။

တစ်ခုခုပြောချင်နေပါသော်လည်း ပါးစပ်အား တိတ်နှင့် ပိတ်ထားခံရသောကြောင့် သူ၏ မျက်လုံးများက မီးတောက်သဖွယ် တောက်လောင်နေကြသည်။

"Hi…မတွေ့ ရတာတောင် ကြာပြီနော်။ ရိုင်းပျတဲ့ ကြိုဆိုမှုအတွက်တော့ စိတ်မကောင်းပါဘူးဗျာ"

ခနဲ့တဲ့ပြုံးရင်း ခက်ဇွဲထိုက် ပြောလိုက်သည်။

"သြော်…မင်းက စကားပြောချင်နေတာပဲ။ sorry sorry "

~ဗြိ~

"ခွေးသူတောင်းစား! "

တိတ်အားခွာပေးလိုက်ချင်းမှာပင် ပထမဆုံး ထွက်လာတဲ့ စကားသံက နားဝင်ဆိုးလှသည်။

"Hmm…မင်းကလည်း ရိုင်းလိုက်တာကွာ ။ ယဉ်ယဉ်ကျေးကျေးလေး နှုတ်ဆက်စမ်းပါ။ အဟက်"

ခက်ဇွဲထိုက်  စစ်မာန်အားချည်နှောင်ထားသော ကြိုးများအား ဖြေပေးရင်း ပြောလိုက်သည်.။

"မင်း ဘာလို့ အဲ့လိုလုပ်တာလဲ? ကြာလေး က မင်းအပေါ် ဘယ်လောက် ခင်တွယ်ခဲ့လဲ? "

မင်းလောက်တော့ မခင်တွယ်ခဲ့ပါဘူး…
ထိုစကားကို ခက်ဇွဲထိုက် စိတ်ထဲကသာ ပြောဖြစ်လိုက်သည်။

"မင်းသာ ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်မယ်ဆိုရင် ငါ ကြာလေးကို မင်းနဲ့ လွှတ် ထားခဲ့မှာမဟုတ်ဘူး။ ငါ့ထက်တော့ မင်းက သူ့ကို ပျော်အောင်လုပ်ပေးနိုင်မယ်ထင်လို့ ငါ လက်လွှတ်ပေးခဲ့တာ…"

"မင်းသိလား။ လူတိုင်းမှာ သည်းခံနိုင်စွမ်း ဆိုတာရှိတယ်။  အဲ့ limit ကိုကျော်ရင်တော့ လူတိုင်း ရူးသွပ်တတ်တယ်။ သမာရိုးကျနည်းနဲ့ မပိုင်နိုင်ရင်တော့ ကိုယ့်ဖက်ကျန်အောင် ကလိမ်ကျပြီးဖြစ်ဖြစ် ပိုင်အောင်လုပ်ရမှာပဲ ။ ငါကတော့ ဒုတိယနည်းကို ရွေးချယ်ခဲ့တယ်။ "

နောက်ဆုံးသော ကြိုးအားဆွဲဖြေလိုက်တော့ လွတ်လပ်သွားသော စစ်မာန် မတ်တပ်ထရပ်လိုက်သည်။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now