တိမ်​ယံကြားက လမင်း

1.1K 99 12
                                    

မြူ ခိုးများ ရစ်ဆိုင်းနေသော မှိုင်းညို့ ညို့
တောင်တန်းပြာကြီး များအား နောက်ခံထား၍ ခြံစည်းရိုးဖြူ ဖြူ ကြားတွင် တစ်ထီးတည်းတည်ရှိနေသော စိမ်းပြာရောင်တိုက်ပုလေး…ခပ်ရိုးရိုးပုံစံ ထိုတိုက်ပုလေးအား
ထပ်မံဖြည့်တင်းထားသည်က ခြံဝင်းကျယ်ထဲတွင် စီတန်းပေါက်ရောက်နေသော အပင်ကြီးအပင်ငယ်များ…
ခရေ / ပိတောက်/ ကံ့ကော် / ယုဇန အစရှိသော အရိပ်ကောင်း၍ ရနံ့ ထုံသင်းလှသော အပင်များက ထိုအိမ်လေးအား နေချင်စဖွယ်ဖြစ်ရန် ဝိုင်းဝန်းပံ့ပိုးထားလျက်​ရှိသည်​…

တောင်ပေါ်အရပ်ဖြစ်သည်ကြောင့် လတ်ဆတ်သော လေပြင်းလေညှင်းလေးများက သစ်ရွက်တို့အား ခပ်ဖြည်းဖြည်း ပွတ်တိုက်သွားပြီး သဘာဝဆည်းလည်းသံများအားလည်း  ဖြည့်ဆည်းပေးနေလေသည်။

ထိုကဲ့သို့သော ကြည်နူးဖွယ်မြင်ကွင်းအပြင်​ တဆက်​တည်း​တွေ့ ရမည်​က အရိပ်ကောင်းသော ပိတောက်ပင်အောက်တွင် အပင်ခြေရင်းအားမှီကာ ဒူးတစ်ဖက်ထောင် ၊ခြေတစ်ဖက် ဆန့်၍ ထိုင်နေသော ဖြူ သွယ်သွယ် လူငယ်တစ်ယောက်။ မထူမပါးသော ဆင်စွယ်ရောင်ဆွယ်တာအား ချည်သားဘောင်းဘီအမဲနှင့် တွဲဖက်ဝတ်ဆင်ထားပြီး ထောင်ထားသော ဒူးပေါ်တွင် လက်တစ်ဖက်တင်ကာ ထိုလက်ချောင်းရှည်ရှည်သွယ်သွယ်များ ကြား အင်္ဂလိပ် ဝတ္ထု
ဖြစ်ဟန်တူသော စာအုပ်အထူ တစ်အုပ် အား ကိုင်ထားလေသည်။

တွန့်ချိုးထားသော မျက်ခုံးအစုံ တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးက ထိုစာအုပ်အပေါ် မည်မျှ စိတ်ဝင်စားကြောင်း ဖော်ပြနေပုံ။
လေတစ်ချက် အဝှေ့ လှုပ်ခါသွားသော ဆံသား ပျော့ပျော့လေးများက နဖူးပြင်ပြန့်ပြန့်တွင် ကခုန်မြူးထူးကြနေလေသည်​။

ထိုအခိုက်​ ခပ်တိုးတိုးကြားနေရသည်က
ထိုလူငယ်ဘေးရှိ ကတ်ဆက်မှ
စိုင်းထီးဆိုင်၏ လွမ်းမောဖွယ်တေးသံအချို့  …

"သားစစ်ရေ!"

အသံနှင့်အတူ အိမ်​တွင်းမှထွက်လာသည်က နက်မှောင်
ပြီးအုံထူသော ဆံသားတို့အား ဆံထုံးခပ်
ကြီးကြီး ထိုးထားသော လူလတ်ပိုင်းမိန်းမတစ်ယောက်။

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now