တဝီဝီ နှင့် ကားပေါင်းစုံဖြတ်သန်းသွားလာနေသော ကားလမ်းမကြီးဘေးဖက်တွင် အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်နှင့် သူ့ထက်ခေါင်းတစ်လုံးစာလောက်ပိုနိမ့်သော ပိန်ပိန်ပါးပါး ကောင်လေး နှစ်ယောက် လမ်းလျှောက်နေကြသည်။
အရပ်ရှည်ရှည်ကောင်လေးက ခပ်ပုပုကောင်လေး၏ ပခုံးထက်တွင် လက်တစ်ဖက်ကို ခပ်လျော့လျော့တင်ကာ လျှောက်နေပြီး ဖြူသေးသေး ကောင်လေးကတော့ လွယ်အိတ်ကြိုးနစ်ဖက်ကို တင်း နေအောင် ကိုင်ကာ လမ်းလျှောက်လာသည်။
တစ်ချက်တစ်ချက် သူ့ပခုံးအား ဟိုတစ်ယောက်လက်မှ လွတ်အောင် အတင်းရုန်းနေသော်လည်း ပိုပိုပြီး လေးကျသွားတာသာ အဖက်တင်သည်။
ကြာတော့ ထိုကောင်လေး က စိတ်မရှည်တော့ဘဲ ဘေးကတစ်ယောက်ကို ဘုကြည့်ကြည့်ကာ အော်လိုက်သည်။
"ငဘုန်း မင်းလက်စုတ်ကို ငါ့ပေါ်က ဖယ်စမ်း"
သို့သော် ဟိုဘက်တစ်ယောက် ကခပ်တည်တည်ပင် သူ့ကို ဂရုမစိုက်ဘဲ သူ့ ပခုံးကို အားကိုးမှီတွယ်ရာကြီးလို ပိုအားပြုပြီး သူ့အရပ်ဂလန်ဂလား ကြီးမှအားမနာ လျော့တိလျော့ရဲ နှင့် လမ်းဘေးမှ ကပ်လျှောက်လာသည်။
ရှိန်းခေတ် စိတ်လျှော့သွားဟန်နှင့် ခေါင်း တစ်ချက်ရမ်းကာ ကျောင်းဝင်းထဲသို့ လှည့်ကြည့်လိုက်တော့...
ကိုးတန်းက သူမျက်မှန်းတန်းမိနေသော ကောင်မလေး အုပ်စု!
သူချက်ချင်းပင် တပ်ထားသော ပါဝါမျက်မှန်အဝိုင်းလေးကို ချွတ်ပြီး လွယ်အိတ်ထဲထည့် ၊ ဘုန်းသစ်လက်ကို မရ ရအောင် တွန်းဖယ်ကာ လှစ်ခနဲ ပြေးထွက်သွားလိုက်သည်။
ခပ်လှမ်းလှမ်း ထိုကောင်မလေးများ သူ့အား မြင်နိုင်သည့် နေရာလောက်ရောက်မှ ဆံပင်ကို တစ်ချက်သပ်ကာ လွယ်အိတ်ကြိုးကို တစ်ဖက်တည်းလွယ်ပြီး မော်ဒယ်ရှိုးလျှောက်သည်ထက်ပင် ပိုသာတဲ့ လျှောက်နည်းတွေနဲ့ ထို မဒီချောလေးတွေဆီ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
YOU ARE READING
လရောင်ဆမ်းမှ ပွင့်တဲ့ပန်း
Randomလရောင်ဆမ်းမှ ဖူးပွင့်ရတဲ့ ကြာပန်းလေးဟာ ကန်ပေါ်မှာ မထင်မရှားပေါ်နေတဲ့ လရိပ်လေးကိုကြည့်ပြီး လမင်းကြီးဟာ သူမအတွက်ပဲလို့ သတ်မှတ်ထားလေရဲ့........... ဒါဆိုလမင်းကြီးကကော? ဘေးကတောက်ပလှတဲ့ အမျိုးစုံကြယ်ပွင့်တွေထက် ရေပြင်ထက်က သူ့က...