Can't we...?!

715 79 15
                                    

ကြာဖြူ မျက်လုံးများကို ပုတ်ခတ် ပုတ်ခတ် လှုပ်ပြီး နိုးလာသည်။

စစချင်းမြင်ကွင်းထဲ တွေ့လိုက်ရသည်က ခြံဝင်း မေနန်းတို့ ခြံဝင်း...

အာ သူ ဒန်းပေါ်မှာ အိပ်ပျော်သွားခဲ့တာပဲ..

ဒါပေမယ့် အခုသူက ဘာလို့ တစောင်းကြီးဖြစ်နေတာလဲ..

တစ်ယောက်ယောက်ကို ခေါင်းအုံးထားလို့များ...!

အတွေးနဲ့ အတူ ကြာဖြူ ဆတ်ခနဲ ငုတ်တုတ်ထို်င်လို်က်တော့ ခွပ် ခနဲ ဆိုသော အသံနဲ့အတူ အာမေဋိတ် သံခပ်တိုးတိုးကို ကြားလိုက်ရသည်။

"ကြာလေးရာ ဖြည်းဖြည်းလုပ်ပါကွ ကျွတ်ကျွတ်"

"အယ် sorry sorry ကိုမာန် မတွေ့လိုက်လို့ နာသွားလား"

ကိုမာန်က သူ့နားထင်စောင်းလေးကို ကိုင်ကာ သူမကို မျက်မှောင်ကုတ် ကြည့်ပြီး...

"ခွပ် ခနဲ တောင်မြည်သွားတယ်မဟုတ်ဘူးလား?"

"ဟီး"

"ကိုမာန် ဘယ်တုန်းကရောက်နေတာလဲ"

"ထမင်းစားပြီးပြီး ချင်းထွက်လာတည်းက ခင်ဗျားက အိပ်ပျော်နေတာလေ"

"အာာ"

"ကဲ ထတော့ အိမ်ပြန်လိုက်ပို့ပေးမယ် နောက်ကျနေပြီ"

ကိုမာန်က နာရီ တစ်ချက်ကြည့်ပြီး မတ်တပ်ထရပ်လိုက်သည်။

"ဘယ်နှနာရီ ရှိပြီမို့လိုလဲ"

"ကိုးနာရီ ခွဲပြီ ကြာလေးရ.. ဒီနေ့တော့ စာမလုပ်နဲ့တော့ အကို အိမ်ပြန်လိုက်ပို့ပေးမယ်"

ကြာဖြူ့ကို အိမ်ပြန်လိုက်ပို့ပြီး အိမ်ထဲသို့ အဝင် အိမ်ပေါက်ဝမှ အရိပ်တစ်ခုက ရပ်ကြည့်နေတာမို့ စစ်မာန် ခြေလှမ်းတို့ တွန့်သွားမိသည်။

ထို့နောက် အသက်ပြင်းပြင်း တစ်ချက်ရှူကာ ထို အရိပ်ဆီသို့ လျှောက်သွားလိုက်သည်။

"စစ်မာန်.."

ပန်းရောင် ညဝတ်အင်္ကျီကို ဝတ်ဆင်ထားသော ခတ္တာက နူးညံ့စွာခေါ်လိုက်သော်လည်း အခေါ်ခံရသူက ဂရုပင်မစိုက်ပဲ အိမ်ထဲ ဝင်ရန်ပြင်နေသည်မို့

လ​ရောင်​ဆမ်းမှ ပွင့်​တဲ့ပန်းWhere stories live. Discover now