"လရောင်ဆမ်းမှ ပွင့်တဲ့ပန်း" ဆိုတာက Kyalpan ရဲ့ပထမဆုံး အရေးအသားပါ။ ပြီးတော့ Normal Fiction လည်းဖြစ်တာမို့ Kyalpan အရမ်းကြီးလည်း မျှော်လင့်မထားပါဘူး။
အဓိက က Kyalpan ဒီ fiction လေးကို ရေးဖြစ်ခဲ့တာက Kyalpan တို့ ဖြတ်ကျော်ခဲ့တဲ့ မြန်မာ ကျောင်းသူကျောင်းသားတွေရဲ့
အဖြူအစိမ်းသဘာဝကို ပေါ်လွင်အောင် ရေးသားချင်ခဲ့တာပါ ။Kyalpan ရဲ့မကောင်းမကန်းအရေးအသား ကြောင့် မြန်မာ ကျောင်းသားတွေရဲ့ ပုံစံဘဘာဝ ကို အံဝင်ခွင်ကျ မဖြစ်ခဲ့ရင်လည်း Kyalpan အရင်ဦးဆုံး တောင်းပန်အပ်ပါတယ်။
နောက်ပြီး စာဖတ်သူတွေကို သိစေချင်တာက
Kyalpan ဒီ fiction လေးကိုပေါ့ပြက်ပြက် သဘောမျိုးနဲ့ရေးသားခဲ့တာမဟုတ်ပါဘူး။အမှန်အတိုင်းပြောရရင် Kyalpan ရဲ့ သူငယ်ချင်းတွေကိုတောင် မပြောခဲ့ပါဘူး ။
သူတို့ Kyalpan ကိုလှောင်ပြောင်မှာထက် Kyalpan ရဲ့အရေးအသားတွေကို ပျက်ရယ်ပြုမှာ အရမ်းကြောက်တာပါ....
သိတဲ့အတိုင်း Kyalpan က Normal ရေးတာဆိုတော့ သူတို့ကို ပြောဖို့လည်း မရဲ လို့ပါ။Publish မလုပ်ခင်တုန်းကလည်း အကြာကြီး တွေဝေနေခဲ့ရတာပါ ။ author အမတွေကိုအရင် ပေးဖတ်ပြီး သူတို့ recommend ကြောင့် ဒီလို Publish လုပ်နိုင်ခဲ့တာပါ။
ဒါ့ကြောင့် စာဖတ်သူတွေကို တစ်ခုသိစေချင်တာက Kyalpan ဒီ fiction ကို တစ်ပတ်ခြား တစ်ခါလောက်တော့ ရရင် တင်ပေးပါ့မယ်နော် ။
နောက်ပြီး Kyalpan ကိုယ်တိုင်လည်း reader တစ်ယောက်မို့ feedback ပေးရတာ အရမ်းပျင်းတာ အသိဆုံးပါ ။
အဲ့ဒါကြောင့် စာဖတ်သူတွေဆီက အပိုင်းတိုင်းတော့ Kyalpan feedback မတောင်းလိုပါဘူး။
တကယ်လို့ပေါ့နော် Kyalpan ရဲ့အရေးအသားတွေမှာ ဘယ်နေရာလေးက ကောင်းတယ် ဘယ်နေရာလေးက သိပ်မကြိုက်ဘူး ဘယ်လိုမျိုးပြင်စေချင်တယ်... အစရှိသဖြင့် အဲ့လို feedback တွေကို Comment မှာရော Message box မှာရော လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်ရှင်.....နောက်ပြီး Vote ဆိုတာကိုလည်း အတင်းကြီးတောင်းမနေချင်ပါဘူး။ စာဖတ်သူတို့ တကယ် သဘောကျနှစ်ခြိုက်ခဲ့ရင် ပေးသွားနိုင်ပါတယ်..
စာဖတ်သူတွေထဲမှာ Kyalpan ထက် တတ်တဲ့သူတွေ သိတဲ့သူတွေအများကြီးပါ။ ဘာမှမသိသေးတဲ့ author ပေါက်စ Kyalpan ကို ထောက်ပြပေးချင်တာ ၊ ဆုံးမပေးချင်တာများရှိရင် ပြောလို့ရပါတယ်...
ဒါကြောင့်မို့ စိတ်ကူးလေးများပေါက်ခဲ့ရင်တော့ comment လေးတစ်ကြောင်းပဲဖြစ်ဖြစ်ချန်ထားပေးခဲ့ရင် အတိုင်းထက်အလွန်ပျော်ရွှင်မိမှာပါ....
နောက်ဆုံးအနေနဲ့ Kyalpan fiction လေးကို ဖတ်ပေးတဲ့အတွက် စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်...
~Kyal~
YOU ARE READING
လရောင်ဆမ်းမှ ပွင့်တဲ့ပန်း
Randomလရောင်ဆမ်းမှ ဖူးပွင့်ရတဲ့ ကြာပန်းလေးဟာ ကန်ပေါ်မှာ မထင်မရှားပေါ်နေတဲ့ လရိပ်လေးကိုကြည့်ပြီး လမင်းကြီးဟာ သူမအတွက်ပဲလို့ သတ်မှတ်ထားလေရဲ့........... ဒါဆိုလမင်းကြီးကကော? ဘေးကတောက်ပလှတဲ့ အမျိုးစုံကြယ်ပွင့်တွေထက် ရေပြင်ထက်က သူ့က...