ကိုးးးရဲ႕သဲ Ep - 2

1.8K 56 0
                                    

<<unicode version>>

kwang soo လဲကျနေတဲ့အတိုင်း ငြိမ်နေမိသလို သူ့အပေါ်လဲကျနေတဲ့ ကောင်မလေးကလဲ မျက်လုံးလေးပြူ းကာ မလှုပ်..ခနကြာမှ_

* အာားးးဒီအရပ်သား အသက်မရှင်ချင်တော့ဘူး ထင်တယ်။ ငါ့ကို..ငါ့ကို ဘာလို့နမ်းတာလဲ!!!! *

kwang soo - ya! ရန်တွေ့မယ်ဆိုလဲ ငါ့အပေါ်ပိနေတဲ့ မင်းကိုယ်ကို အရင်ဖယ်ဦး။ လေးလိုက်တာများ ဆင်တကောင် တက်ဖိထားသလားမှတ်ရတယ်။

kwang soo စကားကြောင့် မင်းသမီးလေးဆိုတဲ့ကောင်မလေး သူ့ကိုယ်လေးကိုဘေးသို့လှိမ့်ချကာ ရုတ်တရက်ဆိုသလို မတ်တပ်ထရပ်လိုက်တော့ kwang soo လန့်သွားသည်။

kwang soo - ဘာ..ဘာလဲ..!!

* နင်!! နင်..!! အဟင့်..ဟင့် ခမည်းတော်နဲ့တိုင်ပြောပြီး သေဒဏ်ပေးခိုင်းမယ်။ ငါ့ကို အတင်းနမ်းသွားတယ်ဆိုပြီး..။ *

သူ့ကို လက်ညှိုးထိုးပြီးပြောနေရင်းမှ ရုတ်တရက်ထငိုသော ကောင်မလေးကြောင့် kwang soo ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

kwang soo - ဟေ့..ဟေ့..စကားကို အဲ့လိုမပြောနဲ့လေ။ ငါတမင်လုပ်တာမှ မဟုတ်တာ။ သေကြောင်းကြံနေတဲ့ မင်းကို ကယ်ပေးတာလေ။ ပြီးတော့ နမ်းတယ်..ဆိုတာကလဲ..

စကားတောင် ဆက်မပြောရသေး ကောင်မလေးရဲ့ အကြည့်စူးစူးက ဒိုင်းခနဲရောက်လာတာကြောင့် kwang soo ပြောလက်စစကား ခနရပ်သွားသည်။

kwang soo - မင်း..မင်းကလဲ ဒါနမ်းတာမှ မဟုတ်တာ။ ထိမိရုံလေး ထိမိတာလေ။ ဒီမှာကြည့် မင်းလက်ကို ငါထိတယ်။ တွေ့လား အဲ့လိုထိတာပဲလေ။ နမ်းတာ မဟုတ်ဘူးလေ။

ကောင်မလေးက kwang soo စကားကို နားမလည်သလို အူတူတူလေး ပြန်ကြည့်နေရင်းမှ တစုံတခုကို သတိရသွားဟန်ဖြင့် ဝရံတာနားပြေးသွားကာ လိုက်ရှာနေတော့သည်။
* ဟင်!! တံခါး..တံခါး ဘယ်ရောက်သွားပြီလဲ?? ပြန်ဖို့ တံခါး...ဘယ်..ဘယ်မှာလဲ?? တံခါး.. *

kwang soo - ဟေ့..မင်း ထပ်ပြီး ခုန်ချဖို့ကြံနေပြန်ပြီလား။ အသက်ကို နှမြောစမ်းပါကွ။ ဘာစိတ်ညစ်စရာရှိလဲပြော..ငါ ကူညီလို့ရရင် ကူညီပါ့မယ်။ ငွေရေးကြေးရေးအတွက်ဆို စိတ်မပူနဲ့။ ငါ့ဆီမှာ အပေါဆုံးက ပိုက်ဆံပဲ။ ဘယ်လောက်လိုလဲပြော..။

ကိုးးးရဲ့သဲ &lt; Uni & Zawgyi &gt; ( Running Man - Myanmar Fic )Место, где живут истории. Откройте их для себя