ကိုးးးရဲ႕သဲ Ep - 8

710 37 0
                                    

Unicode version

လက်ထဲက ဖျော်ရည်ခွက်ကို စားပွဲပေါ်တင်ရင်း မြင်နေရတဲ့ ဧည့်ခန်းထဲကို လှမ်းကြည့်လိုက်တော့..
ဟိုတယောက်က ဘာတွေပြောလို့ ဘာတွေသဘောကျပြီးရယ်နေမှန်းမသိတဲ့ ဟိုမင်းသမီးလေး..

* တော်တော် သဘောကျနေတဲ့ပုံပဲ။ ရယ်နေတာများ မရပ်ဘူး! အဲ့သလောက်ရယ်နေရလား သူစိမ်းတယောက်ရှေ့မှာ..! *

* kwang soo မင်းဘာပြောလိုက်တာလဲ? *

အိ~~
ဖျော်ရည် ကူဖျော်ပေးမယ်ဆိုပြီး မန်နေဂျာအကို ဘေးမှာရှိနေတာကို မေ့သွားတာပဲ~~
မသိဘူးကွာ ယုံချင်ယုံ မယုံချင်နေ ဘူးခံငြင်းရမှာပဲ~~

* ဘာ..ဘာလဲ? ကျွန်တော် ဘာပြောလို့လဲ! *

* မင်း ခုနက တိုးတိုး တိုးတိုးနဲ့ ပြောနေပါတယ်။ ဘာတွေပြောနေတာလဲ? *

* မပြောပါဘူးဆိုနေမှ အကိုရာ..! ဟိုးးက အရယ်မရပ်တဲ့ နှစ်ယောက်ကိုသာ စားဖို့သောက်ဖို့ကြွပါလို့ သွားပင့်ပေးပါဗျာ။ နို့မို့ ဟိုမင်းသမီးလေး ရယ်လွန်းလို့ ပါးတွေညောင်းနေဦးမယ်..။
ရယ်နေတာများ အမြင်ကိုကပ်တယ်... *

* တွေ့လားတွေ့လား!!! ခုနက နောက်ဆုံးပြောလိုက်တဲ့ လေသံမျိုးနဲ့ မင်းခုနကပြောနေတာ။ ဘာပြောလိုက်တာလဲ?? *

* သြော် သွားပါတော့ အကိုရာ.. *

ဒါတောင် ကျွန်တော့်ကို မယုံသင်္ကာဖြစ်တဲ့ပုံနဲ့ လှည့်ကြည့် လှည့်ကြည့် လုပ်နေသေးသည်။

အကိုက ကျွန်တော့်အပေါ် မန်နေဂျာ တယောက်ဆိုတာထက် မိသားစုလို သဘောထားတာလဲ သိသည်။
ကျွန်တော့် အမူအရာကို အမြဲအကဲခတ်နေပြီး ဂရုစိုက်သည်။

ကျွန်တော်နဲ့ အကို့ကြားမှာ လှို့ဝှက်ချက်ဆိုတာမျိုး မရှိ၊ ကျွန်တော်နဲ့ ပတ်သတ်တာ မှန်သမျှ အရာအားလုံးကို အကိုသိသည်။

ကျွန်တော်ကလဲ ဖြစ်သမျှကိစ္စအားလုံးကို ဖွင့်ပြောတာမို့ ကျွန်တော်တို့ကြားက ဆက်ဆံရေးက မိသားစုပုံစံ ဖြစ်နေသည်မှာ မထူးဆန်း။

ဒါပေမယ့်...
သူနဲ့ပတ်သတ်တဲ့ ခံစားချက်ကိုတော့..ခနဖွက်ထားပါရစေ~~
ကျွန်တော့်ခံစားချက်ကို ကျွန်တော် သေချာမသိသေးလို့ပါဗျာ~~

ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )Where stories live. Discover now