Unicode version
* jihyo~~
ကိုယ်မေးတာကို ပြန်ဖြေဦးလေ~~ *
မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ ကြောင်ကြည့်နေကာ အသံတစ်စပင် ထွက်မလာ..
* ji hyo မဖြေချင်ဘူးဆိုရင်
ကိုယ်မေးတာကို
ခေါင်းညိတ် ခေါင်းခါပဲလုပ်
ji hyo လဲ ကိုယ့်ကို ချစ်နေတယ်ဆိုတာ
သက်သေပြပေးမယ်..
ဟုတ်ပြီလား.. *
ခေါင်းလေး အသာညိတ်ပြတော့ ပြုံးမိရသည်
သူ့ပုခုံးလေးနှစ်ဖက်ကို အသာဆုပ်ကိုင်ရင်း
မျက်လုံးချင်း ဆုံအောင်ကြည့်ပြီး မေးခွန်းစလိုက်သည်
* ji hyo.. ကိုယ့်ကိုမုန်းလား..? *
ခေါင်းလေးခါပြလာသည်
သိတာပေါ့.. ကျွန်တော့်မင်းသမီးလေးက ကျွန်တော့်ကို မမုန်းဘူးဆိုတာ..
* ji hyo.. အခု အလုပ်လုပ်နေတာ
ကိုယ့်ကို စားကောင်းတာတွေ ဝယ်ကျွေးချင်လို့ဆို..? *
ခေါင်းမြန်မြန် ညိတ်ပြလာသည်..
ခေါင်းလေး တစ်ချက် အညိတ်မှာ နှလုံးတွေ တဖြုတ်ဖြုတ်ကြွေပြီ ထင်ပါရဲ့..
တကယ်ပဲ ကိုယ့်အတွက် ခုလိုပင်ပင်ပန်းပန်း လုပ်နေတာလားကွာ..
အအိပ်မက်တဲ့ မင်းသမီးလေးက အစောကြီးထပြီးတော့လေ..
ခနလေးပဲ စောင့်ပေးပါ.. ကိုယ့်မင်းသမီးလေးရယ်..
မင်းသမီးလေးက ဟောဒီအရပ်သားကို
ချစ်နေတယ်ဆိုတာသိအောင်
ပြောပြပေးမှာမို့..
* ji hyo.. ကိုယ့်ကို မတွေ့ရရင်
တစ်ခုခုဟာနေသလိုလိုဖြစ်လား..? *
ခနတွေဝေကာ မျက်မှောင်လေးကြုံ့ပြီး
ခေါင်းလေးဖြည်းဖြည်းညိတ်ပြသည်..
စပြီ.. ကျွန်တော့်ရဲ့ ပုံမှန်မဟုတ်တဲ့ ရင်ခုန်သံတွေ..
* ခုနက ကိုယ့်ကိုတွေ့တော့ ပျော်သွားပြီး
ပြေးလာတာမလား..? *
လွယ်လွယ်ကူကူပဲ ခေါင်းညိတ်ပြသည်
* ဒါဆို.. *
ဆက်မေးမည့် မေးခွန်းအတွက်
ကိုယ့်ဘာသာ အသက်ဝအောင် ရှူလိုက်သည်
* စောနက..
ကိုယ်နမ်းတာကို ji hyo စိတ်ဆိုးလား~~? *
သူ့ကိုယ်လေး ဆတ်ခနဲ တောင့်သွားတာကို
ပုခုံးလေးကိုဖက်ထားသည့်လက်တို့က တစ်ဆင့်သိလိုက်သည်
DU LIEST GERADE
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...
