ကိုးးးရဲ႕သဲ Ep - 29

308 18 13
                                    

<< unicode version >>

* ji.. bubble tea သောက်မလား *

* ji.. ရေခဲမုန့် စားမလား *

* ji.. အာတာပူစီ စားကြည့်ပါလား *

* ji.. ဟိုမှာ အရုပ်ကြီးတွေ သွားကြည့်ရအောင်လေ *

ဘယ်လိုပင် ဘေးကနေ ပေါက်ပေါက်ဖောက်နေပါစေ..
တုံ့ပြန်ခြင်းရှိမလာတဲ့ ji ကြောင့် ကျွန်တော် သက်ပြင်းချမိသည်

hyung ကိုလဲ ဆက်သွယ်မရဖြစ်နေသည်
သေချာတာကတော့ ဟိုစီနီယာမ somin တခုခု လုပ်ကြံတာပဲဖြစ်ရမည်
ဒီကိစ္စမြန်မြန်ဖြေရှင်းနိုင်မှဖြစ်မည်
ဘာလို့လဲဆိုတော့ ဒီသတင်းကြားပြီးကတည်းက ji အခြေအနေ ပုံမှန်မဟုတ်တာ သိသာနေတာမို့ စိုးရိမ်နေရသည်

ji ရယ် hyung ကို အရမ်းချစ်မိနေတာလား...

ji ရာ..
မင်းကို ဒီကမ္ဘာမှာ ပထမဆုံးတွေ့တဲ့သူက ကိုယ်ဖြစ်ချင်လိုက်တာ..
ဒါဆို ခုချိန်မှာ မင်းချစ်တဲ့သူက ကိုယ်ဖြစ်ဖို့ မျှော်လင့်ချက်ရှိသေးတယ်

ခုတော့..
တခြားသူတယောက်ကြောင့် ခံစားနေရတဲ့မင်းကို.. ကိုယ်ဘယ်လို ခံနိုင်ရည်အားနဲ့ ကြည့်နေရမှာလဲ..

drama တွေထဲမှာဆို second မင်းသားလို့ ခေါ်ကြတဲ့.. တတိယလူဆိုတာ တော်တော်ခံစားရတာ..
ကိုယ်လဲ အခု တတိယလူဖြစ်နေပြီမလား..

တွေ့လိုက်တိုင်း ချစ်တဲ့စိတ်တွေပဲ တိုးတိုးလာတာ ကိုယ်ဘယ်လိုလုပ်ရမလဲ..
ချစ်တဲ့စိတ်ကို ထိန်းချုပ်နိုင်ပြီး အမြဲပေးဆပ်တဲ့သူအဖြစ်ပဲ နေနိုင်တဲ့ ji ရဲ့ အကိုတော်ကို အရမ်းအံ့သြမိတယ်
ကိုယ့်အချစ်က သူ့လောက်မရှိသေးလို့ စိတ်ကိုထိန်းမထားနိုင်တာလား..

မဖြစ်နိုင်ပါဘူး..
အခု ji ကို ကြည့်ပြီး ကိုယ့်ရင်တွေနာနေတာလေ..
အဲ့ဒါ ji ကို ချစ်လို့လေ ဟုတ်တယ်မလား..

ကိုယ့်အတွက် မဟုတ်မှန်းသိရဲ့သားနဲ့..
ကိုယ့်အတွက် နာကျင်ခံစားနေရတာ မဟုတ်မှန်းသိရဲ့သားနဲ့..
ကိုယ်ကပါ ထပ်တူ နာကျင်နေရတာမျိုး..
ကိုယ်ကပါ ထပ်တူ ကြေကွဲနေရတာမျိုး..
အဲ့လိုမျိုးက ji ကို ချစ်လို့ဖြစ်တာတွေမလား..

* gi kwang.. *

ဖျော့တော့တော့ အသံလေးကြောင့် အတွေးစတို့ပြတ်ကာ ချက်ချင်းပြန်ထူးမိသည်

ကိုးးးရဲ့သဲ &lt; Uni & Zawgyi &gt; ( Running Man - Myanmar Fic )Where stories live. Discover now