ကိုးးးရဲ႕သဲ Ep - 6

743 30 0
                                    


<< unicode version >>

အနံ့သင်းသင်းလေး~~
မွှေးမွှေးလေးနဲ့ သင်းသင်းလေး~~
သိတယ်..အာ့အနံ့လေးကို ငါမင်းသမီးလေး သိတယ်~~
အာ..ဟုတ်သားပဲ..အာ့အရပ်သားဆီက အနံ့လေးပဲ..
အရပ်သား အနားရောက်လာတာနဲ့ အာ့အနံ့လေး ရ ရနေတာ..

ဒါနဲ့ အနံ့က တဖြည်းဖြည်းပိုရလာသလိုပဲ~~
အသက်ရှူလိုက်တိုင်း အနံ့လေးက ပါလာသလိုပဲ~~
ဘယ်လိုလို့ အာ့အနံ့ အာ့လောက်ရနေတာလဲ??

မဟုတ်သေးပါဘူး~~

* အရပ်သား!!!!!!!!!!!!! *

မျက်လုံးဖွင့်ဖွင့်ခြင်း အနီးကပ်မြင်လိုက်ရတဲ့ အရပ်သားရဲ့ မျက်နှာကြီးကြောင့် လန့်ပြီးအသံကုန်အော်လိုက်မိသည်။

အရပ်သားလဲ လန့်သွားပုံရသည်..အနောက်ကို ထိုင်ရက်လဲကျသွားပြီးမှ ပြူးတူးပြဲတဲဖြင့်_

* အားး နားကန်းပြီထင်ပြီ!! ဘာလို့ အဲ့လောက်အော်တာလဲ!! *

* အရပ်သား ဘာ..ဘာလုပ်နေတာလဲ..? *

* ဘာလုပ်လို့လဲ..? *

* အရပ်သား ခုနက ငါမင်းသမီးလေးမျက်နှာနားကို ကပ်လာတယ် မဟုတ်လား.. *

* အ..အင်း..ဟုတ်တယ်လေ..အဲ့ဒါ ဘာဖြစ်လို့လဲ.. *

* ဘာလုပ်ဖို့ကပ်လာတာလဲ!! *

* ya!! ငါ..ငါက မင်းကို ဘာစားမလဲ မေးမလို့..။ မင်းက အိပ်ပျော်နေတာနဲ့ နှိုးရင်ကောင်းမလား၊ မနှိုးရင်ကောင်းမလားဆိုပြီး စဉ်းစားနေတာ.. *

* စဉ်းစားတာ တခြားနေရာမှာ ထိုင်စဉ်းစားလို့ရတာပဲ! မျက်နှာက အာ့လောက်ထိ ကပ်လာစရာ မလိုပါဘူး! *

* ဘ..ဘယ်သူက ကပ်လာလို့လဲ! ဒီတိုင်းမေးမလို့ မင်းနားလာထိုင်တာပါဆိုနေ! *

စကားတွေတောင် ထစ်နေတဲ့ အရပ်သားကို ကြည့်ပြီး စနောက်ချင်လာတာကြောင့်_
* အရပ်သားက ငါမင်းသမီးလေးကို လျှော့တွက်နေတာလား။ နန်းတော်ထဲမှာ နုနုရွရွနေလာရလို့ ဘာမှမသိဘူးမထင်နဲ့နော်။ အကိုတော်က လူတွေအကြောင်း အကုန်ရှင်းပြထားတော်မူတာ။ *

kwang soo pov - အကိုတော်?? သူအိမ်မက်ထဲမှာ ယောင်နေတဲ့ အကိုတော်လား??

ကိုးးးရဲ့သဲ &lt; Uni & Zawgyi &gt; ( Running Man - Myanmar Fic )Donde viven las historias. Descúbrelo ahora