Unicode version
ဘေးမှာကားမောင်းနေတဲ့ အရပ်သားကို မျက်စောင်းလှိမ့်ထိုးနေမိသည်..
မျက်နှာကိုက ပြုံးပြုံးကြီးနဲ့...
ငါမင်းသမီးလေး ကစားကွင်း တအားသွားချင်နေတာကို အခွင့်ကောင်းယူပြီး..
ပြောတော့ ထိရုံလေးပါပဲဆိုပြီး...
ခနလေးပါပဲဆိုပြီး..
ခုတော့~~
အတန်ငယ် ဖူးယောင်ယောင်လေးဖြစ်နေတဲ့ နှုတ်ခမ်းလေးကို လက်နဲ့အသာလေးထိမိသည်အကိုက်ခံလိုက်ရလို့ သွေးခြေဥနေတဲ့ အောက်နှုတ်ခမ်းလေးကိုလဲ အသာထိပြီး စမ်းကြည့်ရသေးသည်..
သွေးများစို့နေလားလို့..* အား...!! နှာဗူးကြီး!!!! *
ဒေါသက တအားထွက်လာတာမို့ ကားမောင်းနေတဲ့ အရပ်သားကို ထုရိုက်မိတော့သည်
* အားး!! သဲ ဘာလို့ရိုက်တာလဲ? ကားမောင်းနေတာကို မရိုက်နဲ့လေ.. အန္တရာယ်များတယ် *
* ရိုက်မှာပဲ.. ဘာလို့ကိုက်ရတာလဲ! အရပ်သားက ဝုတ်ဝုတ်လား! သူ့နှုတ်ခမ်းမဟုတ်တိုင်း ကိုက်တယ်! ခုတော့ ငါမင်းသမီးလေး နှုတ်ခမ်းသွေးခြေဥနေပြီ! *
* သဲနှုတ်ခမ်းက ကိုက်ချင်စရာလေးကို..ကို.. *
* ဘာ!!!! *
* ဟို.. ကိုယ်က အရမ်းချစ်မိသွားတော့ ကိုက်လိုက်မိတာပါ.. စိတ်မဆိုးနဲ့နော်.. *
* ပြောလိုက်ရင် ဆင်ခြေဆင်လက် ဆင်နားရွက်ချည်းပဲ.. မရောက်သေးဘူးလား ကစားကွင်း! ကစားကွင်းပို့ပေးမယ်ဆိုလို့ သည်းခံလိုက်တယ်မှတ်ပါ! နို့မို့ဆို အရပ်သား မလွယ်ဘူးမှတ်! *
နှုတ်ခမ်းလေးဆူပြီး ပြောနေတဲ့သူလေးရဲ့ပါးကို ဖွဖွလေးဆွဲလိုက်ရင်း..
* မှန်လှပါ.. ခွင့်လွှတ်ပေးလို့ ကျေးဇူးကြီးမားလှကြောင်းပါ..
ကျွန်တော်မျိုး အမြန်ရောက်အောင်မောင်းပါ့မယ် မင်းသမီးလေး ** ဟွန့်! ရုပ်ကိုက မျက်နှာပိုးကို မသေဘူး *
....................................................................
* သဲရော့.. mask တပ်ထားနော်.. ကိုယ်လဲတပ်ထားမယ်..
သဲက ခုမှနာမည်တက်ကာစဆိုတော့ သတင်းထွက်လို့ မဖြစ်ဘူး *
![](https://img.wattpad.com/cover/159415355-288-k242106.jpg)
YOU ARE READING
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...