#Unicode#
My Boo
Ep - 36
* မသွားပါဘူး အဲ့ကို..။ ခု သွားမှာက kwang soo omma အိမ်.. *
* အမ်!! *
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
@kawng soo's omma အိမ်
* လမ်းလျှောက်ချင်လို့ ဒီမှာပဲ ဆင်းလိုက်တော့မယ်။ မနက်ဖြန် meeting ရှိလို့ စောစောလာခဲ့ပေးပါ *
* ဟုတ်ကဲ့ပါ CEO *
ကားကို ခြံဝတွင်သာ ရပ်ခိုင်းပြီး လမ်းဆင်းလျှောက်လာလိုက်သည်။
* ဒီလိုအချိန် နှင်းဆီပန်းနံ့လေး လတ်လတ်ဆတ်ဆတ်ရှူလိုက်ရရင်ကောင်းမှာပဲ..။ နောက်နေ့မှ အဒေါ်ကြီးကို အိမ်အဝင်ဝနားမှာ ထားထားတဲ့နှင်းဆီပန်းအိုးတွေ ခြံဝရွှေ့ခိုင်းထားရမယ် *
ဒီနေ့တစ်နေ့ကုန် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးတာတွေ၊ ပွဲတက်ရတာတွေကြောင့် တော်တော်ပင်ပန်းလာသည်။
ဒီကြားထဲ သားတော်မောင်ရဲ့ ပတ်လည်ရိုက်နေတဲ့ အချစ်ရေးကြောင့်လဲ ခေါင်းစားနေရသည်။
jeon somin နဲ့ dating သတင်းထွက်ပြီး မကြာသေး.. မင်းသား kwang soo ကို somin ဆီကနေ လုချင်နေသည့် တက်သစ်စမင်းသမီး ဆိုသည့်သတင်းပါ ထပ်ထွက်လာသည်။
jeon somin ကို kwang လေး ချစ်သူအဖြစ် media တွေကို အသိပေးချင်တာက သားဖြစ်သူပြောသလို စီးပွားရေးကြောင့်လဲ ပါသည်။
သူတို့ company က ထုတ်မည့် ထုတ်ကုန်တစ်ခုရဲ့ model အဖြစ် somin ကို စာချုပ်ချုပ်ဖို့ စဉ်းစားထားသည်။
somin က လက်ရှိမှာ နာမည်ကြီးနေတဲ့ မင်းသမီးဖြစ်နေတာကြောင့် company က ရှယ်ယာဝင်တွေက somin ကိုသာ ငှါးချင်သည်။
ထုတ်ကုန်ရောင်းအားကို ကြည့်ပြီးမှ ရင်းနှီးမြှပ်နှံမည့် နိုင်ငံခြားက စီးပွားရေးရှင်တွေလဲ ရှိတာကြောင့် ရောင်းအားကောင်းနေမှဖြစ်မည်။
somin ကျော်ကြားမှုတစ်ခုထဲကို ယုံကြည်ပြီး လွှတ်ထားဖို့ မဖြစ်တာကြောင့် လှည့်ကွက်တစ်ခုအနေနဲ့ somin ကို kwang လေး ချစ်သူအဖြစ် media ကို အသိပေးခဲ့ခြင်း ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင် somin ကလဲ သူမကို တမင်ချဉ်းကပ်လာသည်နှင့် အခြေအနေတွေက စီစဉ်စရာမလိုပဲ ကွက်တိကျသွားသည်။
ESTÁS LEYENDO
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...
