17
u
nicode version
* အ..အဖေ.. *
* အမတ်ချုပ်ကြီး ** ဟေ့.. မင်းသမီးလေးကို သွားပြန်ခေါ်ကြစမ်း! ပြီးရင် မင်းသားdong wook နဲ့ ကိုယ်ရံတော် gong yoo ကို ဖမ်းလိုက်ကြ! *
အမတ်ချုပ်ကြီးစကားကြောင့် ရဲမက်များက dong wook တို့လူစုကို ဓားတွေဖြင့်ရွယ်ကာ ဝိုင်းလိုက်ကြသည်။
* ငါမင်းသမီးလေးကိုများ ဓားနဲ့ရွယ်ရဲတယ် ဟုတ်လား!! အသက်အပိုပါတယ်ထင်တယ်
လိုရမယ်ရ ဓားဆောင်လာတာ အတော်ပဲပေါ့ *jihyo ဓားကို လေထဲတွင် ဝှေ့ယမ်းရင်း ရှေ့တိုးလိုက်တော့ ရဲမက်များ အနောက်သို့ယောင်ယမ်းပြီး ဆုတ်မိကြသည်။
dong wook ခါးမှာချိတ်ထားသော ဓားကို ဓားအိမ်မှဆွဲထုတ်လိုက်ရင်း jihyoရှေ့မှ ကာရပ်ကာ..
* ရှေ့မတိုးကြနဲ့နော်! အရှေ့တစ်လှမ်းတိုးတာနဲ့ ငါကိုယ်တော်က အသက်ချမ်းသာပေးမှာ မဟုတ်ဘူး! *gong yoo လဲ ဓားကိုဆုပ်ကိုင်ရင်း အသင့်ပြင်နေလိုက်သည်။
* ဖမ်းကြလေ!! ဘာရပ်နေကြတာလဲ!! *
အမတ်ချုပ်ကြီး အော်သံကြောင့် ရဲမက်များ dong wook တို့ကို ဝင်တိုက်တော့သည်။
ထိုစဉ် မင်းကြီး၏ကိုယ်ရံတော်တပ်ဖွဲ့ပါ ရောက်လာကာ dong wook တို့ ဘက်မှ ဝင်တိုက်တာကြောင့်.. နန်းတွင်းထဲတွင် အသေးစားစစ်ပွဲတစ်ပွဲ ဖြစ်နေသလိုပင်..
sechan အမတ်ချုပ်ကြီးနားသွားကာ..
* အဖေ တော်ပါတော့..
အဖေ့လုပ်ရပ်တွေ ရပ်ပါတော့.. ** yang sechan!!
မင်းကိုတော့ နောက်မှ အပြစ်ပေးရမယ်! အဖေလုပ်တဲ့သူ စီစဉ်ထားတာတွေကို ဖျက်လိုဖျက်စီးလုပ်တဲ့ကောင်!မင်းသမီးလေးကို မင်းချစ်နေတာ ငါသိတယ်။
ငါဖန်တီးပေးတဲ့ အခွင့်အရေးကို ဖမ်းဆုပ်လိုက်စမ်းပါ ** ကျွန်တော်ခံယူထားတဲ့ အချစ်က အဲ့လိုမျိုးမဟုတ်ဘူး။ ကျွန်တော်ချစ်တဲ့သူကို စိတ်မဆင်းရဲစေချင်ဘူး *
* အဓိပ္ပါယ် မရှိတာတွေ! လွယ်တာတွေကို ခက်အောင်လုပ်နေတယ်! *
STAI LEGGENDO
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...