Unicode version
somin တယောက်
kwang soo နဲ့ gi kwang တို့ jihyo အနားမှာ မရှိတာကို မြင်သည်နှင့်
ချက်ချင်းဆိုသလို jihyo ဆီသို့ လျှောက်သွားလိုက်သည်
* အရင်က သရုပ်ဆောင်ဖူးတဲ့ အတွေ့အကြုံရှိလား..? *
အသံလာရာကို jihyo လှည့်ကြည့်မိတော့ somin..
စတွေ့ကတည်းက အချိုးမပြေလို့ ကြည့်မရတဲ့
ပြည်သူ..
* ဟင့်အင်း ဘယ်ရှိပါ့မလဲ
ဒီဘက်ခေတ်ရောက်တာ သိပ်မကြာသေး..
အဟမ်း.. ပြောချင်တာက ဒီလောကနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိသေးဘူးလေ
ဘာလို့လဲ..? *
jihyo စကားကို အမြန်ပြင်ပြောလိုက်ရသည်
အရပ်သားနဲ့ gi kwang တို့ကပြောထားသည်
နန်းတော်ကလာတယ်ဆိုတာ ဘယ်သူမှမသိစေနဲ့တဲ့လေ..
ဘာ့ကြောင့်လဲတော့ jihyo နားမလည်ပေမယ့်
သူတို့ပြောသလို နေလိုက်တာက ပိုသင့်တော်သည်လို့သာ ထင်တာမို့ သတိထားပြီး ပြောနေလိုက်သည်
* သြော်.. အဟင်း.. ဘာမှတော့မဟုတ်ပါဘူး
ဘာမှ..နားမလည်တဲ့သူက..
ဘယ်လိုသရုပ်ဆောင်မလဲ သိချင်လွန်းလို့ပါ.. *
နှိမ်ပြီးပြောနေတဲ့ အပြောအဆိုကြောင့်
jihyo အလိုမကျဖြစ်လာသည်
* ခုမှ ပထမဆုံးဆိုရင်တော့..
တို့လို professional တွေနဲ့
အလုပ်တွဲလုပ်ဖို့က
အခက်အခဲဖြစ်မယ်ထင်တယ် *
တမင်လုပ်ယူနေသော အသံနဲ့ပြောနေတဲ့ somin ကို jihyo အမြင်ကပ်လာသည်
တော်တော်ဘဝင်ကိုင်နေတဲ့ ပြည်သူပဲ
ငါ့လိုတိုင်းပြည်ရဲ့ မင်းသမီးကိုများ
ငါနော်.. ဟိုဘက်ခေတ်သာ ဆွဲခေါ်သွားပြီး
ကြိမ်ဒဏ်ပေးလို့ရရင်တော့လား..
jihyo စိတ်ထဲကအတိုင်း မလုပ်နိုင်တာမို့
အသားလွတ် လာစော်ကားနေသူကို
သူနဲ့တန်ရာတန်ကြေး ပြန်ပညာပြရန်သာရှိသည်
ငါမင်းသမီးလေးကိုများ နင့်လိုပြည်သူက ရာရာစစ လာစော်ကားရဲတယ်ပေါ့လေ..
တွေ့ပြီပေါ့.. နင်နဲ့ငါနဲ့
* သရုပ်ဆောင်တာနဲ့ ပတ်သတ်လို့
စိတ်ပူဖို့မလိုပါဘူး..
jihyo က အစစအရာရာမှာ သင်လွယ်တတ်လွယ်တာမို့.. *
VOCÊ ESTÁ LENDO
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfic"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...
