Unicode version* ဘာ..!!! ဒါဆို မင်းကို မေးတဲ့ အဲ့ဒီ အဓိပ္ပါယ်မရှိတဲ့မေးခွန်းက ဟိုမင်းသမီး စီစဉ်ထားတာပေါ့ ဟုတ်လား?? *
* အင်း *
ကျွန်တော်က somin မန်နေဂျာနှင့် သတင်းထောက်ဟန်တို့ စကားပြောတာကို ကြားမိသည်မှစ၍ ရှင်းပြလိုက်တော့..မန်နေဂျာ ကိစ္စအားလုံးကို သဘောပေါက်သွားတော့သည်။
အရာအားလုံးရှင်းလင်းသွားတော့ somin ကို အမွှမ်းတင်တဲ့ စကားတွေ တရပ်စပ်ပွစိပွစိထွက်လာပြန်သည်။
* တော်တော်ဆိုးတဲ့ မင်းသမီး! အကြံဆိုးကတော့ ထွက်သလား မမေးနဲ့! မင်းက စစ်မှုထမ်းပြီး ပြန်ထွက်လာတာနဲ့ series တန်းပြီး ရိုက်တာဆိုတော့ media တွေက မင်းအပေါ်အာရုံစိုက်နေကြတာ။ အဲ့ဒါကို သူက အခွင့်ကောင်းယူပြီး နာမည်ထွက်အောင်လုပ်တာကွ။ မင်းကိုထားခဲ့ပြီး သူတွဲခဲ့တဲ့ မင်းသားက အခုနာမည်ကျနေပြီလေ။ အဲ့ဒီတော့ သူအမြင့်ရောက်ဖို့ လှေကားပြောင်းချင်တာနေမယ်။ မင်းကွာ..အဲ့လိုကိစ္စမျိုးရှိရင် ငါ့ကိုပြောပေါ့။ ငါကြိုဖြေရှင်းထားမှာပေါ့။ *
* ဒီတခါ ပိတ်နိုင်ရင်လဲ နောက်တခါ ထပ်ကြံစည်ဦးမှာပဲ။ ဒါကြောင့် တခါထဲ ကိစ္စပြတ်သွားအောင် လုပ်လိုက်တာ။ နောက်ကို လာမရှုပ်တော့အောင်လို့။ *
* ထင်လို့လား? ငါ့စိတ်ထင်တော့ သူလက်လျော့မှာ မဟုတ်ဘူး။ သူနာမည်ကြီးဖို့အတွက် မင်းကို အကြောင်းအရင်းမရှိဖြတ်ပြီး နာမည်ကြီး မင်းသားကို ဝင်ရော လိုက်တဲ့သူလေ။ မင်းနဲ့သူက ပြတ်ပြီးတာတောင်မှ မင်းဘက်က တဖက်သတ်အတင်းလိုက်ကပ်နေသလိုလို သတင်းတွေလွှင့်ပြီး သူနာမည်ကြီးအောင် ဖန်တီးယူသွားတဲ့သူလေ။ အဲ့လိုလူမျိုးက သူလိုချင်တာကို မရရအောင် လုယူမှာကွ။ မင်းသတိတော့ထားမှ ရမယ် kwang soo။ ငါ ဒီကားကို လက်မခံခဲ့သင့်ဘူးကွာ..။ ခုတော့.. *
* အကိုလဲ ကောင်းစေချင်လို့လုပ်တာပဲ..နားလည်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ခုလို ကိစ္စတွေပေါ်လာရင် အကိုရှင်းပေးရမှာနော်။ အကို စထားတဲ့ ဇာတ်လမ်းမို့။ *
ကျွန်တော်ပြုံးပြီးပြောတော့ အကိုက သူ့ခေါင်းသူကုတ်ကာ မဲ့ရှုံ့ပြီး ခေါင်းညိတ်ရှာသည်။
အကိုက ညီအကိုရင်းတယောက်လို ကျွန်တော့်ကို တကယ်ချစ်ရှာတာလဲ သိပါတယ်လေ~~
KAMU SEDANG MEMBACA
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fiksi Penggemar"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...