# Unicode Version #
My Boo
Ep - 35jihyo ကို ကြည့်သည့် ရိုက်ကူးရေး အဖွဲ့သားတွေအားလုံးနီးပါး၏အကြည့်တွေက ပြောင်းလဲသွားတာ သိသာလွန်းသည်။
လူတော်တော်များများ somin ဘေးနားမှာသာ ဝိုင်းနေကာ jihyoကိုတော့ တရားခံကို ကြည့်သည့်ပုံစံမျိုးဖြင့် ကြည့်နေကြသည်။
* မန်နေဂျာ.. မင်းရဲ့မင်းသမီးကို ခေါ်သွားလေ ။ ဒီတိုင်းဆက်နေနေရင် rumor တွေ ထွက်ကုန်မယ်။ somin ကို မြန်မြန်ခေါ်သွား။ *
suk jin စကားကြောင့် မန်နေဂျာက somin ကို တွဲခေါ်ကာ လှည့်ထွက်မည်အပြင် somin က jihyo ကို မျက်ရည်ဝဲကာ အသနားခံသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
somin အပြုအမူကို မြင်လိုက်သော လူအားလုံးထံမှ somin ကို သနားစာနာသော အသံများက ဆူဆူညံညံ ထွက်လာပြန်သည်။
ထိုချိန် အစ်မ mina ရောက်လာတာကြောင့် suk jin က jihyo ကို ကြည့်ရင်း..
* jihyo.. အိမ်ပြန်ပြီး အေးဆေးနားလိုက်ဦး။ နောက်မှ ပြောကြတာပေါ့။ ** ကဲ.. ကဲ အားလုံးလဲ ဒီနေ့နားလိုက်ရအောင်! ငါပြောလိုက်တယ်နော်! ဒီနေ့ဖြစ်တဲ့ ကိစ္စတွေကို ရင်ထဲမှာပဲ ထားကြပါ! အကြောင်းအရာကို သေသေချာချာမသိပဲ.. လျှောက်ပြောတာ လျှောက်ဖြန့်တာတွေ မလုပ်ကြပါနဲ့! နားလည်တယ်နော်!! ကဲ.. ပြန်ကြတော့! *
suk jin စကားကြောင့် ဆူညံနေသောလူစုလူဝေးကြီး ရှင်းသွားသည်။
suk jin က လက်ထောက်ဒါရိုက်တာကို လှမ်းခေါ်လိုက်ကာ...
* လက်ထောက်ဒါရိုက်တာ လာဦး.. ဟိုမင်းသမီး အမွှေစိန်ကို ပြန်လို့ရပြီ သွားပြောလိုက်ဦး။ ရိုက်ကွင်းမှာရှိနေရင် ဘာတွေထပ်ပြီး drama ခင်းဦးမလဲ မသိဘူး *လူအားလုံးရှင်းသွားပြီး suk jin နှင့် mina ပဲ ကျန်ရှိချိန်တွင်တော့ တတ်ဆိတ်နေသည့် jihyo ဆီမှ အသံထွက်လာသည်။
* ဒါရိုက်တာကြီး.. Jihyo ကို ဘာမှ မမေးဘူးလား..။ *
* ဘာမေးရမှာလဲ jihyo ရဲ့. *
* အခု ကိစ္စ.. *
* မလိုပါဘူး မေးစရာ..။ အမှန်တရားဆိုတာ ပေါ်လာမှာပဲဟာကို..။ ပြီးတော့ ငါကိုယ်တိုင်ရွေးချယ်ထားတဲ့ မင်းသမီးကို ငါယုံတယ်။ နားတော့.. နားတော့.. ရှေ့လျှောက် mina ခေါင်းကိုက်မယ့်ကိစ္စတွေ များလာဦးမှာ။ သွားနားကြတော့ ။ *
![](https://img.wattpad.com/cover/159415355-288-k242106.jpg)
YOU ARE READING
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...