9
Unicode version
ခွပ်!!!
* အားးး သေပါပြီ!!
ya!!! song ji hyo!!!!
အဲ့ဒါ ဘာလုပ်တာလဲ!!!
ဘာလို့ မင်းခေါင်းနဲ့ လာတိုက်တာလဲ!! အား..ကျွတ်..ကျွတ်... ငါ့နဖူးတော့ ကွဲပြီထင်တယ်.. *
ကျွန်တော်ကသာ အသံပေါင်းစုံထွက်ပြီး အော်နေသော်လဲ..သူလေးဆီက ဘာသံမှထွက်မလာ...
အားလုံးက ထူးဆန်းစွာ ငြိမ်လွန်းနေတာကြောင့် ဘေးဘီကို လှည့်ကြည့်တော့ မန်နေဂျာအကိုရော gi kwang ရောက သူလေးကို တအံ့တသြ ကြည့်နေကြသည်။
ဘာဖြစ်လို့ပါလိမ့်..
* အင့်~~~ *
တိုးတိတ်စွာ ထွက်လာသော ရှိုက်သံလေးတခု~~
မဟုတ်မှလွဲရော..
ဒါ...
သူ့ဆီကများလား..??
ွကျွန်တော့်နောက်ကျောဘက်မှာ ရှိနေတဲ့ သူလေးဘက်ကိုချက်ချင်းလှည့်ကြည့်လိုက်တော့...
ငိုနေတယ်..
သူ..ငိုနေတယ်...?
* song..song ji hyo... ဘ..ဘာလို့ငိုနေတာလဲ.. ဘာဖြစ်တာလဲ... *
သူက မျက်ရည်တွေဝေ့နေတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လာကာ..
* အရပ်သားက... ငါမင်းသမီးလေးကို အထင်သေးတော်မူတာလား... *
* ဟမ်..ဘာကို.. *
* ငါမင်းသမီးလေးကို အထင်သေးတော်မူလို့သာ ဒီလို လုပ်ရပ်မျိုး လုပ်တာပေါ့...။ ဟုတ်ပါတယ်..။ ငါမင်းသမီးလေးရဲ့ ပုံစံက အရပ်သားအတွက် ပေါ့သေးသေး၊ အလွယ်လို့ မြင်နေတဲ့ပုံပဲ..။ ဒါ့ကြောင့်..ဒါ့ကြောင့်...
လူကို အထင်မသေးပဲ ဒီလိုဆက်ဆံစရာ အကြောင်းမှ မရှိတာ..! *
ပြောရင်း မျက်ရည်တွေဝဲလာကာ..ငိုသံပါ ပါလာတဲ့သူလေးကြောင့် ကျွန်တော့်မှာ ဘာလုပ်လို့ လုပ်ရမှန်းမသိ ပျာသွားရသည်။
* မ..မဟုတ်.. မင်း ထင်တာမှား... *
* ငါမင်းသမီးလေးအတွက် သိတဲ့သူဆိုလို့ အရပ်သားပဲရှိလို့.. အရပ်သားနောက် တကောက်ကောက်လိုက်မိတာ..။ နန်းတော်မှာဆို ခမည်းတော်၊မယ်တော်၊ အကိုတော်တို့ကလွဲလို့ တခြားသူတွေ မော်ကြည့်ခွင့်တောင် မရတဲ့ ငါမင်းသမီးလေးကို အရပ်သားက အော်လိုက် ဟစ်လိုက် ဆူပူလိုက်လုပ်လဲ သည်းခံခဲ့တယ်..။ ငါမင်းသမီးလေး အားကိုးစရာက အရပ်သားပဲရှိလို့..။ *
ESTÁS LEYENDO
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...
