ကိုးးးရဲ႕သဲ Ep - 12

553 25 6
                                    

12

Unicode version

* မင်းသမီးလေး ပြန်..ပြန်ကြရအောင်နော်..
အရှင်မင်းကြီးသိရင် မဟုတ်ဘူး မင်းသားလေး သိသွားရင် မိုးမီးလောင်သွားလိမ့်မယ်။ ကျွန်တော်မျိုး အပြစ်ပေးခံရလိမ့်မယ်။ ပြန်ကြရအောင်နော်.. *

* ဘာလို့ပြန်ရမှာလဲ! ပြန်ပါဘူး။ ပြီးတော့ လူကြားထဲမှာ ဘာလို့ မင်းသမီးလေးလို့ခေါ်နေတာလဲ။ သခင်လေးလို့ခေါ်ပါလို့ပြောထားတာကို! မိန်းကလေးပုံစံမပေါ်အောင် သေချာပြင်ထားတာကို နင်လုပ်တာနဲ့ အကုန်ပေါ်ကုန်တော့မှာပဲ gong yoo ရယ်.. *

နန်းတော်ထဲထိ သတင်းဆိုးပျံ့နှံ့နေတဲ့ လောင်းကစားဝိုင်းကို ကိုယ်ရံတော် gong yoo နဲ့အတူ jihyo လာစုံစမ်းခြင်းဖြစ်သည်။
ယောကျာ်းလေးပုံစံဖျက်ပြီး နန်းတော်ထဲမှ တိတ်တဆိတ်ထွက်လာကာ လောင်းကစားဝိုင်းထဲရောက်ကာမှ ပြန်လှည့်ချင်နေသော gong yoo ကို jihyo တားနေရသည်။

* နင်ပဲ စဉ်းစားကြည့် gong yoo ရယ်..
ဒီလောင်းကစားဝိုင်းက ဒိုင်တွေက လူလိမ်တွေတဲ့..။ ပြည်သူတွေရဲ့ ငွေတွေကို လိမ်လည်ပြီး သိမ်းပိုက်နေတာ။ ငါက ဒီတိုင်းပြည်ရဲ့ မင်းသမီးတစ်ပါးအနေနဲ့ ဒါမျိုးကို လက်ပိုက်ကြည့်နေလို့ ဘယ်ဖြစ်မလဲ.. ဟုတ်တယ်မလား?

* ဒီတိုင်းပဲ လက်ပိုက်ကြည့်နေပါ မင်းသမီးလေးရယ်.. အဲ့ဒါက ပိုကောင်းမယ်ထင်ပါတယ်..။ *

* ဘာတွေတိုးတိုး တိုးတိုးနဲ့ ပွစိပွစိလုပ်နေပြန်တာလဲ! *

* အမ်! ဘာ..ဘာမှမဟုတ်ပါဘူး..။ ဒါနဲ့.. မင်းသမီး အဲ.. သခင်လေး မမှတ်မိဘူးလား။ ဟိုးတခါတုန်းက ပျော်ပွဲစားရုံတစ်ခုကို ဒီလိုမျိုးဝင်စုံစမ်းတုန်းကလေ.. *

* မှတ်မိတယ်လေ.. ဘာဖြစ်လို့လဲ?
အဲ့ပျော်ပွဲရုံက ဘာမှမသိနားမလည်တဲ့ ဆင်းရဲတဲ့မိသားစုတွေဆီက သမီးပျိုလေးတွေကို အကြွေးနဲ့သိမ်းပိုက်ပြီး ရောင်းဝယ်နေတဲ့ မကောင်းတဲ့နေရာလေ။ ငါဖော်ထုတ်လိုက်လို့ အဲ့ဒီမကောင်းတဲ့သူတွေ အဖမ်းခံလိုက်ရတယ်လေ။ အဲ့တာ ဘာဖြစ်လို့လဲ? *

* အဲ့ဒါလေးပဲ မှတ်မိတာလား? အဲ့ဒီ မိန်းမပျိုလေးတွေကြား ဝင်ဟန်ဆောင်ရင်းနဲ့ ကိုယ်တိုင်ပါအရောင်းခံရပြီး သခင်ကြီး တယောက်ရဲ့ ကိုယ်လုပ်တော်ဖြစ်တော့မလို့ကို မင်းသားလေး လာကယ်သွားရတာလေ.. မမှတ်မိဘူးလား? *

ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )Donde viven las historias. Descúbrelo ahora