Unicode version
* အမလေး!! လိပ်ပြာလေး ကလူ ကလူ..
လန့်တာ kwang soo ရာ..
ရုတ်တရက်ကြီး ဘာလို့ထအော်.. *
* ဘယ်သူ့ကို လိုချင်တယ်? *
kwang soo အသံက အေးစက်မာကျောနေသည်မို့ suk jin ခနတာ ဆွံ့အသွားရသည်
* ဘယ်သူ့ကို လိုချင်တယ်
ပြောနေတာလဲလို့! *
* gi.. gi kwang ရဲ့ မန်နေဂျာမလေး.. *
* ဘာလို့လဲ? *
* ဟင်.. *
* ဘာလို့လိုချင်တာလဲ? *
* ဟို.. ဘာလို့လဲဆိုတော့..
နေ.. နေပါဦး..
မင်း ငါ့ကို ဘာကြောင့်မေးနေတာလဲ?
ငါကရော ဘာလို့မင်းကို လန့်နေရတာလဲ??
ငါက ဒါရိုက်တာ မင်းကသရုပ်ဆောင်လေ
လန့်ခြင်းလန့် ငါ့ကိုတောင် မင်းကလန့်ရဦးမယ့်ဟာကို..
lee kwang soo!
မင်းဘာဖြစ်နေတာလဲ! ဘာလို့ ငါ့ကို တရားခံစစ်သလို စစ်နေတာလဲ!?
မသိရင် မင်းပိုင်တဲ့အရာကို ခိုးမိလို့ ငါ့ကို အပြစ်ပေးတော့မယ့်အတိုင်းပဲ!
ငါလိုချင်တယ်ဆိုတာက မင်းသမီးဇာတ်ရုပ်အတွက် လိုချင်တယ်ပြောတာ..!
အခု မင်းရိုက်နေတဲ့ series မှာ မင်းသမီးနေရာတနေရာလွတ်နေသေးတယ်လေ
အဲ့မှာ သူ့ကို သရုပ်ဆောင်ဖို့ပြောချင်လို့.. မင်းကကူညီပြီးပြောပေးဖို့ တောင်းဆိုမလို့..
ရှင်းပြီလား!! *
ထိုအခါမှ kwang soo မျက်နှာ ပြုံးသွားကာ_
* သြော်.. ဒါများ
ရှင်းရှင်းပြောတာမဟုတ်ဘူး hyung ကလဲ.. *
* ပြောချင်တာပြောပြီးရင် ရုပ်ကိုက..
ဘာလို့ hyung လို့ခေါ်တာလဲ! *
* hyung နာမည်ရင်းသိတဲ့ လက်ချိုးရေလို့ရတဲ့ အရေအတွက်ထဲမှာ ကျွန်တော်ပါနေပြီလေ..
အဲ့တော့ ညီလေးတယောက်လိုပဲ သဘောထားပေါ့.. ဟုတ်ဘူးလား.. *
* အပြောကတော့ ညက်နေတာပဲနော်..
ထားပါ.. ငါ့ကို ကူညီမှာလား
မန်နေဂျာမလေးကို series မှာပါအောင် စည်းရုံးဖို့.. *
* ဟာ.. ကူညီရမှာပေါ့
နေ့တိုင်းတွေ့ရုံတင်မကဘူး အချိန်တိုင်းပါတွေ့ရမယ့် အခွင့်အရေးကြီးပဲဟာ.. *
* ဘာဖြစ်တယ်.. ဘာတွေ့မှာ?? *
* ဟုတ်ဘူး ဟုတ်ဘူး ဘာမှဟုတ်ဘူး..
ပြောပေးမယ်လို့ပြောတာ.. အဟီး.. *
BẠN ĐANG ĐỌC
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...
