ကိုးးးရဲ႕သဲ Ep - 20

445 29 20
                                        

Unicode version


* မဟုတ်မှ.. ဒါ song ji hyo တော့
မဟုတ်လောက်ပါဘူးနော်..?
ဟုတ်နေတာလား..!! *

မန်နေဂျာဆိုသည့် မိန်းကလေးက
ဒီဘက်လှည့်လာကာ ကျွန်တော့်ကိုမြင်သွားပြီး
လှမ်းအော်လေသည်။

* အရပ်သား! *

* အရပ်သား..?
ဒါဆို ဒါက မင်းသမီးလေးပေါ့..! *

gi kwang က ကျွန်တော့်ကို
လက်လှမ်းပြပြီး နှုတ်ဆက်ကာ
ရိုက်ကွင်းနေရာသို့ ထွက်သွားသည်။

သူလေးကတော့ ကျွန်တော့်ဆီပြေးလာနေသည်။

ထိုင်နေတဲ့ ကျွန်တော့အနား လာရပ်ရင်း..

* အရပ်သား ရောက်နေတာကြာပြီလား?
မနက်စောစောထွက်လာရတာနဲ့..
အရပ်သားကိုတောင် ပြောမသွားလိုက်ရဘူး

အရပ်သား..
ခု ငါမင်းသမီးလေးမှာ အလုပ်ရှိနေပြီ သိလား
ပိုက်ဆံလဲရမှာ..
ပိုက်ဆံရရင် အရပ်သားကို မုန့်လိုက်ဝယ်ကျွေးမယ်..
စားချင်တာ ကြိုစဉ်းစားထားနော်..
အရပ်သားကချည်းပဲ
ငါမင်းသမီးလေးကို ကျွေးနေရတာဆိုတော့..
ဒီတခါပြန်ဝယ်ကျွေးမယ် သိလား

ဒီအလုပ်က ပျော်ဖို့ကောင်းတယ်..
သရုပ်ဆောင်မင်းသား မင်းသမီးတွေလဲ
အပြင်မှာတွေ့ရတယ်
အပြင်မှာ ပိုချောကြတယ် သိလား
ရိုက်ကွင်းကလဲ လုံး၀ စိတ်ဝင်စားဖို့ကောင်းတယ်..
ပြီးတော့လေ... *

စကားတွေ အဆက်မပြတ်ပြောရင်း..
ပျော်နေတဲ့ သူလေးကို ကြည့်ရင်း
အလိုမကျမှုတွေက များလာသည်။

ဘာတွေများ အဲ့ဒီလောက် ပျော်နေရတာလဲ..?

မင်းသားတွေ မင်းသမီးတွေ တွေ့ရလို့လား..?
ဟွန်း.. ငါ့လို အရမ်းချောတဲ့မင်းသား
asia prince တယောက်လုံးနဲ့
တစ်အိမ်ထဲ နေနေရတာတောင်
မလုံလောက်သေးဘူးလား..?

ဒါမှမဟုတ်..
မန်နေဂျာအလုပ်ကို ပျော်နေတာများလား..?
gi kwang နဲ့ အမြဲအတူရှိနေရလို့လား..?

* အရပ်သား.! အရပ်သား..!!
မေးနေတာ မကြားဘူးလား!
ရုပ်တည်ကြီးနဲ့ ဘာဖြစ်နေတာလဲလို့! *

ကျွန်တော့်လက်မောင်းကို ကိုင်လှုပ်ပြီး
မေးလာတဲ့သူလေးကြောင့်
စိတ်တို့က အတွေးနယ်ပယ်ထဲက ပြန်ထွက်လာသည်။

ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )Donde viven las historias. Descúbrelo ahora