#Unicode Version#
My Boo
Ep - 37* kwang soo oppa နဲ့ ရိုက်မယ့် ကြေငြာပျက်သွားတယ် ဟုတ်လား! *
* ဟိုဘက် company က အကြောင်းအရာတစ်ချို့ကြောင့် somin နဲ့ မရိုက်ဖြစ်တော့ဘူးလို့ agency ကို ဆက်သွယ်လာတယ်တဲ့ *
မန်နေဂျာ ပြောစကားကြောင့် somin ဒေါသထွက်သွားရသည်။
ဒီကြေငြာရိုက်ရအောင် သူဘယ်လောက်ကြိုးစားပြီး oppa အမေကို ကပ်ထားရတာလဲလို့..* ဘာအကြောင်းအရာလဲ? နေပါဦး.. ဒါ သူတို့စာချုပ်ဖောက်ဖျက်တာပဲ။ လျော်ကြေးတောင်းပြီး ပြဿနာရှာဖို့ ရှေ့နေနဲ့ဆွေးနွေးထားလိုက်! *
* စာချုပ်က မချုပ်ရသေးပါဘူး။ agency နဲ့ ဆွေးနွေးတဲ့အဆင့်ပဲ ရှိပါသေးတယ်။ agency ဘက်က တောင်းဆိုတာတွေများနေတာနဲ့ စာချုပ်ကနှောင့်နှေးနေတာ.. *
somin သူ့agency အကြောင်း သူသိသည်။
ရသမျှခွာယူမည်ဆိုသည့် အကျင့်ရှိသည်။
အကျိုးအမြတ်ရမည့်ကိစ္စမှန်သမျှလဲ လုပ်တတ်သည်။
အခုလဲ ရသင့်တာထက် ပိုတောင်းနေလို့သာ စာချုပ်မချုပ်သေးတာဖြစ်နိုင်သည်။agency အတွက် အကျိုးအမြတ်သာရှိပါက somin စကားအတိုင်းလိုက်လုပ်ပေးသည်။
သူမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူ့ဘက်က ရပ်တည်ပေးသည်။
ဒါ့ကြောင့်လဲ သူခုထိလက်တွဲဖြစ်နေတာဆိုလဲ မမှား။စာချုပ်သာ ချုပ်ပြီးသွားရင် ပြဿနာရှာလို့ရတာကို.. ခုတော့..
* ဒါနဲ့.. သူတို့က အဲ့ကြေငြာကို ဘယ်သူ့နဲ့ ရိုက်မှာတဲ့လဲ? *
* ဟို.. မင်းသမီး song jihyo လို့ သတင်းကြားရ.. ရ... *
* song jihyo?? ဒီမိန်းမက?
နေဦး.. song jihyo က အရမ်းတုံးတာ။ ငါလုပ်သမျှခံရတာပဲ...။ ဒါဆို ဆက်ပြီးကိစ္စတွေကြီးအောင် လုပ်လိုက်ရမလား? ကြေငြာလုယူတဲ့ အမှုပါတိုးကြတာပေါ့ song jihyo..။ song jihyo အခုဘယ်ရောက်နေလဲ? ** မသိ.. *
* ဒါဆို ခုချက်ချင်းစုံစမ်းပြီး သူ့တည်နေရာကို သတင်းထောက်ဟန်ကို ပြောလိုက်။ ဒါနဲ့ angency က ဘာလုပ်နေတာလဲ! သူတို့ရဲ့ အဓိကမင်းသမီး ဒီလိုအစော်ကားခံလိုက်ရတာကို ငြိမ်ပြီးနေနေရလား!! ရှင်ကရော.. ကျွန်မမန်နေဂျာလစာယူထားပြီး ဘာမှအသုံးမကျဘူး! agency ကို ဆက်သွယ်ပြီး ခုချက်ချင်း သတင်းစာရှင်းလင်းပွဲ ပြင်ပေး။ song jihyo နဲ့ ရိုက်ကွင်းပေါ်မှာ ပြဿနာဖြစ်တဲ့ video ကို အဲ့ပွဲမှာ ပြရမယ်။ စာချုပ်မချုပ်ဖြစ်တဲ့ကိစ္စကိုလဲ အဲ့ဒီမိန်းမကို လွဲချရမယ်။ *
BẠN ĐANG ĐỌC
ကိုးးးရဲ့သဲ < Uni & Zawgyi > ( Running Man - Myanmar Fic )
Fanfiction"ကိုးးးး" ခေါ်သံနှင့်အတူပြေးလာသော ကောင်မလေး... ခေါ်သံကြောင့် လှည့်ကြည့်လိုက်သော ကောင်လေး... "ဟာ...သဲ အဲ့လောက်မပြေးနဲ့လေ ချော်လဲမယ်!" စိုးရိမ်စိတ်နဲ့ နှုတ်ကတားနေသော်လဲ ပြေးလာသောကောင်မလေးကို ဆီးကြိုဖို့လက်လေးကို အသင့်ပြင်ထားသလို... ကောင်မလေးကလဲ ကောင်လေးရ...